ရီးယဲလ်အသင်း၏ ဝေးလ်စ်ကစားသမား ဘေးလ် Esports အသင်း တည်ထောင်

ရီးယဲလ်အသင်း၏ ဝေးလ်စ်ကစားသမား ဘေးလ် Esports အသင်း တည်ထောင်
Photos : Getty Images
Photos : Getty Images
Published 5 February 2020

 

ရီးယဲလ်အသင်း၏နာမည်ကြီးဝေးလ်စ် တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် Esports ကလပ်အသင်းတစ်သင်းကို ပူးတွဲ တည်ထောင်ခဲ့ကြောင်း သိရသည်။

ယင်းအသင်းကို Ellevens Esports အသင်းဟု အမည်ပေးထားပြီး ဘေးလ်သည် စီးပွားရေးလုပ်ငန်းရှင် ဂျိုနသန်ကာ့ခ်နှင့် ဘောလုံးသမားဟောင်း လယ်ရီကိုဟန်တို့ ပူးတွဲတည်ထောင်ထားသည့် 38 Entertainment Group နှင့် ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်သည်။  

Ellevens အသင်းသည် ယခုတစ်ပတ်အတွင်း မီလန်မြို့၌ကျင်းပမည့် Fifa eClub World Cup ပြိုင်ပွဲတွင် ပွဲဦးထွက်ပြိုင်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။

ဘေးလ်သည် Twitter မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ Gamers များအနေဖြင့် သူ၏ Esports အသင်းများနှင့် ပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။ Ellevens အသင်းသည် Counter Strike၊ Fortnite၊ Rocket League အတွက် Esports အသင်းတည်ထောင်ရန် စီစဉ်နေသည်။

 

Most Read

Most Recent