လာဇီယို နှင့် ဗီရိုနာ (၆-၂-၂၀၂၀ နံနက် ၂း၁၅ နာရီ)
အီတလီစူပါဖလားပွဲကြောင့် ရွှေ့ဆိုင်းထားခဲ့တဲ့ ပွဲစဉ် (၁၇)ကို ပြန်ကစားတာပါ။ လာဇီယိုအသင်း ရောမဒါဘီပွဲမှာ နိုင် ပွဲဆက်မှတ်တမ်း ရပ်တန့်ခဲ့ရပေမယ့် SPAL အသင်းကို ဂိုးပြတ် သွင်းပြီး အသင်းငယ်တွေနဲ့ပွဲတွေမှာ အပြတ်အသတ်အသာစီးယူနိုင်မှုကို ဆက်ထိန်းထားနိုင်ဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါ တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့ အမှားခံလို့မရတဲ့အခြေအနေမှာ လာဇီယိုအသင်း ဒီလိုပွဲမျိုးတွေဆီကနေ အမှတ်အပြည့် ယူပါလိမ့်မယ်။ ဗီရိုနာရဲ့လတ်တလောခြေစွမ်းကလည်း ချီးကျူးစရာကောင်းတဲ့အဆင့်မှာ ရှိပါတယ်။ ဒါပေမဲ့ လာဇီယိုကိုတော့ ဗီရိုနာ ထိန်းချုပ်ဖို့မလွယ်ပါဘူး။ လာဇီယို ဂိုးပြတ်နိုင်သွားမယ် ထင်တယ်။










