လေဗာကူဆင် နှင့် စတုဂတ် (၆-၂-၂၀၂၀ နံနက် ဝဝးဝ၀ နာရီ)
လေဗာကူဆင်က ဘွန်ဒစ်လီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လို့ရနေသလို၊ စတုဂတ်ကလည်း ဘွန်ဒစ်လီဂါ-၂မှာ ဒုတိယနေရာရပ်တည်နေတာ သတိပြုရမှာပါ။ ဒါကြောင့် နှစ်သင်းစလုံးအဖို့ ဂျာမန်ဖလားမှာ အာရုံစိုက်မှုလျော့နည်းနိုင်တယ်။ စတုဂတ်နဲ့ အရဲစွန့်သင့်တယ်။
ဗဲလ် နှင့် အူန်ယွန်းဘာလင် (၆-၂-၂၀၂၀ နံနက် ဝဝးဝ၀ နာရီ)
အူန်ယွန်းဘာလင်အသင်း ဘွန်ဒစ်လီဂါမှာရှိနေချိန်ကတည်းက ဂျာမန်ဖလားဆို အားစိုက်ကစားလေ့ရှိပြီး နောက်ဆုံး (၃)ကြိမ်မှာ ဒေါ့မွန်(၂ကြိမ်)၊ လေဗာကူဆင်တို့နဲ့ကစားရလို့ ထွက်ခဲ့ရတာပါ။ ဗဲလ်က စတုတ္ထတန်းအဆင့်က အသင်းဖြစ်ပါတယ်။ အူန်ယွန်းဘာလင် အနိုင်သေချာပါတယ်။
ဘိုင်ယန် နှင့် ဟော်ဖန်ဟင်မ် (၆-၂-၂၀၂၀ နံနက် ၂း၁၅ နာရီ)
ဘိုင်ယန်အသင်းကို အမြဲတမ်းကိုင်တွယ်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ယာယီနည်းပြ ဟန်ဆီဖလစ်ခ်အဖို့ ပြည်တွင်းဖလား (၂)လုံးစလုံး အရယူထားမှ အောင်မှတ်ရမယ့်အနေအထားပါ။ ဘိုင်ယန်က လက်ရှိမှာ ပြိုင်ပွဲစုံ(၇)ပွဲဆက် အနိုင်ကစားထားပြီး ပွဲတိုင်းဂိုးပြတ်ခဲ့တယ်။ လီဝန်ဒေါစကီးက ဂိုးဆက်မြူးနေဆဲဖြစ်ပြီး သူတစ်ဦးတည်းအပေါ် ဂိုးရဖို့မျှော်လင့်နေရတဲ့အနေအထားကို လက်ရှိအချိန်မှာ လျှော့ချထားနိုင်တာ ဘိုင်ယန်အတွက် အားသာချက်ဖြစ်နေတယ်။ ဟော်ဖန်ဟင်မ်ကတော့ ဘိုင်ယန်ကို နောက်ပိုင်းဒုက္ခပေးနိုင်တဲ့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့အသင်းပါ။ နောက်ဆုံးတွေ့ဆုံမှု(၆)ပွဲမှာ ဟော်ဖန်ဟင်မ်က (၃)ပွဲနိုင်၊ (၃)ပွဲရှုံးနဲ့ ဘိုင်ယန်လိုအသင်းကို ယှဉ်ထားနိုင်နေတာက အသိအမှတ်ပြုစရာကောင်းပါတယ်။ ဘိုင်ယန်
(၃)ဂိုးမပြတ်လောက်ဘူး။
ဆာဘရွတ်အင် နှင့် ကာလ်ရူဟာ (၆-၂-၂၀၂၀ နံနက် ၂း၁၅ နာရီ)
ဆာဘရွတ်အင်က ဂျာမန်စတုတ္ထတန်းအဆင့် လိဂ်တွေထဲက Sudwest Region လိဂ်မှာ ဦးဆောင်နေတဲ့အသင်းပါ။ ကာလ်ရူဟာကတော့ ဘွန်ဒစ်လီဂါ-၂မှာ တန်းဆင်းဇုန်စက်ဝန်းထဲ ကျရောက်နေပါတယ်။ အဆင့်ချင်းကွာပေမယ့် ဆာဘရွတ်အင်နဲ့ပဲ စွန့်စားချင်တယ်။










