အဂွဲရိုးအစား ဂွန်ဒိုဂန် ပယ်နယ်တီကန်ခဲ့ခြင်းမှာ ကစားသမားချင်းတိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွါဒီယိုလာ ဆို

အဂွဲရိုးအစား ဂွန်ဒိုဂန် ပယ်နယ်တီကန်ခဲ့ခြင်းမှာ ကစားသမားချင်းတိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွါဒီယိုလာ ဆို
Published 3 February 2020

ဂွါဒီယိုလာက ကန်သွင်းနေကျ အဂွဲရိုး မကန်သွင်းခြင်းနှင့်ပတ်သက်၍ ကစားသမားချင်းတိုင်ပင်၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပွဲအပြီးတွင် ရှင်းလင်းခဲ့သည်။ ဂွါဒီယိုလာက "ဂွန်ဒိုဂန် ကန်ဖို့အတွက် သူတို့အချင်းချင်းတိုင်ပင်ဆုံးဖြတ်ခဲ့ကြတာပါ။ ကျွန်တော်တို့သာ အဲဒီဂိုးကို ဝင်အောင် သွင်းနိုင်ခဲ့ရင် အခြေအနေက ကောင်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။

 

မန်စီးတီးအသင်းသည် စပါးအသင်းအား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပထမပိုင်း၌ ရရှိသည့်ပယ်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပြီး အဆိုပါပယ်နယ်တီကန်သွင်းမည့်သူအား ကစားသမားချင်းတိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မန်စီးတီးနှင့်စပါးအသင်းတို့ ဂိုးမရှိသရေကျနေချိန်တွင် မန်စီးတီးအသင်း ပယ်နယ်တီရရှိခဲ့ပြီး ကွင်းအတွင်း၌ အသင်းအတွက် ပယ်နယ်တီကန်သွင်းနေကျဖြစ်သည့် အဂွဲရိုးရှိနေသော်လည်း ကွင်းလယ်လူ ဂွန်ဒိုဂန်က အဆိုပါပယ်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါပယ်နယ်တီကန်သွင်းမှုအား စပါးဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပြီး ဂွါဒီယိုလာက ကန်သွင်းနေကျ အဂွဲရိုး မကန်သွင်းခြင်းနှင့်ပတ်သက်၍ ကစားသမားချင်းတိုင်ပင်၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပွဲအပြီးတွင် ရှင်းလင်းခဲ့သည်။

ဂွါဒီယိုလာက "ဂွန်ဒိုဂန် ကန်ဖို့အတွက် သူတို့အချင်းချင်းတိုင်ပင်ဆုံးဖြတ်ခဲ့ကြတာပါ။ ကျွန်တော်တို့သာ အဲဒီဂိုးကို ဝင်အောင် သွင်းနိုင်ခဲ့ရင် အခြေအနေက ကောင်းသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒုတိယပိုင်းမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဇင်ချန်ကို အနီကတ်ပြထုတ်ပယ်မခံရခင်အထိ အရာအားလုံး အိုကေခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဇင်ချန်ကိုထုတ်ပယ်ခံရပြီးနောက် စပါးအသင်းဘက်သို့ ဦးဆောင်ဂိုးများ ဆက်တိုက်ပေးခဲ့ရကာ ရှုံးနိမ့်ခဲ့ရသဖြင့် မန်စီးတီး၏အရှုံးအတွက် တရားခံမှာ ပယ်နယ်တီလွဲချော်မှုနှင့် ဇင်ချန်ကို၏အနီကတ်ဖြစ်သည်ဟု ဖော်ပြခြင်း ခံနေရသည်။

မန်စီးတီးအသင်းအနေဖြင့် နောက်ပိုင်းပွဲစဉ်များတွင် ပယ်နယ်တီကျိန်စာသင့်နေပြီး ပြိုင်ပွဲစုံနောက်ဆုံးပယ်နယ်တီ(၆)ကြိမ်တွင် (၄)ကြိမ်အထိ လွဲချော်ထားခဲ့သည်။

မန်စီးတီးအသင်း၏ နောက်ဆုံးပယ်နယ်တီလွဲချော်သူမှာ ကစားသမားဘဝတွင် ပယ်နယ်တီလွဲဖူးခြင်းမရှိသည့် ဂွန်ဒိုဂန် ဖြစ်လာခဲ့ပြီး ၎င်း၏ရှေ့တွင် စတာလင်၊ ဂျေးဆူတို့ ဆက်တိုက်ပယ်နယ်တီလွဲချော်ထားကြသည်။

အသင်း၏ ပင်တိုင်ပယ်နယ်တီကန်သွင်းသူ အဂွဲရိုးမှာလည်း ချန်ပီယံလိဂ်ပွဲစဉ်များတွင် ပယ်နယ်တီမှတ်တမ်း ဆိုးရွားနေမှုကြောင့် မန်စီးတီးအသင်းအနေဖြင့် ပယ်နယ်တီကန်သွင်းသူ သတ်မှတ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

 

Most Read

Most Recent