ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်အားကစားလောကအပေါ် ရိုက်ခတ်မှုများလာပြီး ရွှေ့ဆိုင်း/ဖျက်သိမ်းရသည့် အားကစားပြိုင်ပွဲ ၁၀ မျိုးအထိရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်အားကစားလောကအပေါ် ရိုက်ခတ်မှုများလာပြီး ရွှေ့ဆိုင်း/ဖျက်သိမ်းရသည့် အားကစားပြိုင်ပွဲ ၁၀ မျိုးအထိရှိလာ
Photos: Getty Images
Photos: Getty Images
Published 2 February 2020

အမျိုးသားဘောလုံးပြိုင်ပွဲများအနက် ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ၂၀၂၀ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲနှင့် ပြည်တွင်းပြိုင်ပွဲအားလုံး ရပ်ဆိုင်းထားရန် တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ညွှန်ကြား ချက်ထုတ်ပြန် ခဲ့ပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဖေဖော်ဝါရီ နှင့် မတ်တွင်ကစားမည့် တရုတ်ကလပ်အသင်းများ၏ အိမ်ကွင်းပွဲများကို အဝေးကွင်းသို့ပြောင်းလဲကစားစေရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်အားကစားလောကအပေါ် ရိုက်ခတ်မှုပိုများလာပြီး ယခုအချိန်အထိ ရွှေ့ဆိုင်း/ဖျက်သိမ်းရသည့် အားကစားပြိုင်ပွဲစုစုပေါင်း ၁၀ မျိုးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

လူအချင်းချင်းကူးစက်စေနိုင်သည့် ယင်းဗိုင်းရပ်စ်ပိုးမှာ ဇန်နဝါရီ လလယ်ပိုင်းမှစ၍ တရုတ်အပါအဝင် အခြားဥရောပ၊ မြောက်အမေရိက နှင့် အာရှပစိဖိတ်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်အထိ စာရင်းများအရ ရောဂါကူးစက်ခံရသူ ၁၂၀၃၉ ဦးနှင့် သေဆုံးသူ ၂၅၉ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် တရုတ်နိုင်ငံ၌ ကျင်းပမည့် အားကစားပြိုင်ပွဲများစွာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ အကြံပေးချက်အရ ရွှေ့ဆိုင်း/ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးအပါအဝင် အားကစားပြိုင်ပွဲအမျိုးအစား ၁၀ မျိုးအထိရှိလာပြီ ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲများအနက် ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ၂၀၂၀ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲနှင့် ပြည်တွင်းပြိုင်ပွဲအားလုံး ရပ်ဆိုင်းထားရန် တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ညွှန်ကြား ချက်ထုတ်ပြန် ခဲ့ပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဖေဖော်ဝါရီ နှင့် မတ်တွင်ကစားမည့် တရုတ်ကလပ်အသင်းများ၏ အိမ်ကွင်းပွဲများကို အဝေးကွင်းသို့ပြောင်းလဲကစားစေရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (ခ) ကို မူလက ဝူဟန်မြို့၌ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့်နေရာဖြစ်သောကြောင့် နန်ကျင်းမြို့ သို့ပြောင်းလဲခဲ့ပြီး ယင်းမှတစ်ဆင့် သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့သို့ ပြောင်းလဲကျင်းပရမည်ဖြစ်သည်။ တရုတ်အမျိုးသမီး အသင်းမှာလည်း ဘရစ္စဘိန်းမြို့ဟိုတယ်၌ အစောင့်အရှောက်ဖြင့် နေထိုင်ရလျက်ရှိပြီး နေ့စဉ်ကျန်းမာရေးစစ်ဆေးမှု ခံယူနေရသည်။

ထို့ပြင် ဖေဖော်ဝါရီမှ ဧပြီလအတွင်းကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် ရုံတွင်းပြေးခုန်ပစ်ပြိုင်ပွဲ၊ လက်ဝှေ့အိုလံပစ်လက်ရည်စစ်ပွဲ၊ ကမ္ဘာ့ ဒိုင်ဗင်စီးရီး ဟန်ချက်ညီရေကူးပြိုင်ပွဲ၊ Tour of Hainan စက်ဘီးပြိုင်ပွဲ၊ ကမ္ဘာ့ဖလားနှင်းလျှောစီးပြိုင်ပွဲ၊ Blue Bay LPGA အမျိုးသမီးဂေါ့ဖ်ပြိုင်ပွဲ၊ တရုတ်အိုးပင်းစနူကာပြိုင်ပွဲ၊ မာစတာနှင့် အာရှချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲများကို ရွှေ့ဆိုင်း/ဖျက် သိမ်းထားရပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ဖော်မြူလာဝမ်းပြိုင်ပွဲကိုလည်း စောင့်ကြည့်နေရဆဲဖြစ်သည်။

 

 

Most Read

Most Recent