Sexy အသားပေးသော ရုပ်ပုံလွှာများ၏ ဂယက်

Published 31 December 2019

၂၀၁၉ ခုနှစ်တစ်နှစ်တာအတွင်း ထင်ရှားသည့် အနုပညာဖြစ်ရပ်များအနက် လူမှုကွန်ရက် စာမျက်နှာများထက်တွင် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည့် ထင်ရှားသူအချို့နှင့် အနုပညာရှင်အချို့၏ ယဉ်ကျေးမှုစံနှုန်းများအကြောင်းကို ရေးသားဖော်ပြအပ်ပါသည်။ လူမှုကွန်ရက် အသုံးပြုမှုတွင် ကျယ်လာသည်နှင့်အမျှ လူမှုကွန်ရက်ကို အလွှာစုံနယ်ပယ်အသီးသီးမှ အသုံးပြုလာရာတွင် ထင်ရှားသူများလည်း ပါဝင်လာခဲ့ရာ အချို့သော ထင်ရှားသူများ၏ ယဉ်ကျေးမှုစံနှုန်းအတွက် မေးခွန်းထုတ်စရာဖြစ်စေခဲ့သည့် မြန်မာ့ယဉ်ကျေးမှုအမြင်နှင့် မသင့်လျော်သော ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးမှု၊ music video ရိုက်ကူးမှုများမှာ လူမှုကွန်ရက်အသုံးပြုသူများအကြား ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားဝေဖန်စရာ၊ ဂယက်ရိုက်စရာ အခြေအနေတစ်ခုအဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။     

၂၀၁၉ ခုနှစ်အတွင်းတွင် ထင်ရှားသည့် ဓာတ်ပုံမော်ဒယ်လ်များ၊ အမျိုးသမီးသရုပ်ဆောင်အချို့၏ အလှဓာတ်ပုံရိုက်ကူးမှုများမှာ sexy post များဖြင့် ရိုက်ကူးမှုများ၊ အဖော်အချွတ်များဖြင့် ရိုက်ကူးမှုများ သိသာစွာများ ပြားလာခဲ့ပြီး ယင်းနောက်တွင် လူမှုကွန်ရက်စာမျက်နှာထက်၌ ပရိသတ် သတိထားမိစေရန် ယင်းကဲ့သို့ အဖော်အချွတ်ဆန်သည့် ဓာတ်ပုံများရိုက်ကူးပြသမှုများ ပိုမိုများပြားလာခဲ့သည်။ ထို့ပြင် music video အချို့ ရိုက်ကူးမှုများတွင်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အံမဝင်ဘဲ မိသားစုကြည့်ရှုရန်မသင့်လျော်သည့်၊ မြန်မာ့ယဉ်ကျေးမှုစံနှုန်းအား မေးခွန်းထုတ်စရာဖြစ်စေမည့် ရိုက်ကူးမှုပုံစံများ ပိုမိုများပြားလာခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာထက်တွင် ထင်ရှားခဲ့သူများအနက် Sexy ဘက်နွယ်သည့် ဓာတ်ပုံများရိုက်ကူးမှုဖြင့် ပရိသတ်သိရှိမှုများလာသူ ဓာတ်ပုံမော်ဒယ်လ် နန်းမွေစံအား ဆေးကုသခွင့်လက်မှတ် ဆမသိမ်းဆည်းခဲ့ခြင်းမှာ လက်ခံသူများနှင့် ဝေဖန်သူများကြား အငြင်းပွားစရာ ကိစ္စရပ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင်ယခုနှစ်အတွင်း လူမှုကွန်ရက်အသုံးပြုသူများ စောင့်ကြည့်ရသည်အထိ စိတ်ဝင်စားစေခဲ့သူတစ်ဦးမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်ပင်ဖြစ်သည်။ Sexy ဘက်ကို ဦးစားပေးထားသည့် ပွဲတက်ဝတ်စုံများ၊ ဓာတ်ပုံ post များ မကြာခဏ တင်လေ့ရှိသဖြင့် သင်ဇာဝင့်ကျော်၏ လူမှုကွန်ရက်စာမျက်နှာအား စောင့်ကြည့်အားပေးသူ များပြားခဲ့ပြီး ဝေဖန်သူနှင့် လက်ခံသူများကြားတွင်လည်း အငြင်းပွားစရာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မကြာခင်က ထွက်ရှိခဲ့သည့် Music Video တစ်ခုတွင်လည်း သရုပ်ဆောင်မင်းဟိဏ်းနှင့် ရှုမငြီးတို့၏ သရုပ်ဆောင်မှုများမှာ မြန်မာ့ယဉ်ကျေးမှုစံနှုန်းကို မည်သို့တိုင်းတာမည်နည်းနှင့် လူမှုကွန်ရက်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

 

Most Read

Most Recent