မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် မိခင်ကလပ် ရန်ကုန်ယူနိုက်တက် နှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အနေဖြင့် ကျော်ကိုကိုမှာ ထိုင်းလိဂ်တွင်သာ ဆက်ကစားရန် ဆန္ဒရှိနေသောကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ရန်အတွက် ကမ်းလှမ်းမည်မဟုတ်ကြောင်း ဦးမြင့်သိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် တိုက်စစ်မှူး ကျော်ကိုကိုအား စာချုက်သက်တမ်း တိုးမြှင့်တော့မည်မဟုတ်ကြောင်း အသင်းမန်နေဂျာ ဦးမြင့်သိန်းက အတည်ပြုပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် မိခင်ကလပ် ရန်ကုန်ယူနိုက်တက် နှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အနေဖြင့် ကျော်ကိုကိုမှာ ထိုင်းလိဂ်တွင်သာ ဆက်ကစားရန် ဆန္ဒရှိနေသောကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ရန်အတွက် ကမ်းလှမ်းမည်မဟုတ်ကြောင်း ဦးမြင့်သိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျော်ကိုကိုနဲ့ ကျွန်တော်တို့ ရန်ကုန်ယူ နိုက်တက်အသင်းရဲ့ စာချုပ်သက်တမ်းက လာမယ့် ဒီဇင်ဘာ ၃၁ ရက်ဆိုရင် ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ အသင်းအနေနဲ့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့အနေနဲ့ ထိုင်းလိဂ်မှာပဲ ဆက်ကစားဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဟိုမှာကစားနေတဲ့ ကာလအတွင်းမှာလည်း သူ့အနေနဲ့ ဒဏ်ရာပြဿနာရှိခဲ့ပေမဲ့ အကောင်းဆုံးကြိုးစားခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ သူ့ကိုသက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ကျော်ကိုကိုဟာ ကစားသမားကောင်း ဖြစ်တဲ့အတွက် ခြေစွမ်းပြသနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ရန်ကုန်ယူနိုက်တက် အသင်း မန်နေဂျာ ဦးမြင့်သိန်းက ပြောကြားခဲ့သည်။
ကျော်ကိုကိုသည် ၂၀၁၃ ခုနှစ်တွင် ဇေယျာရွှေမြေအသင်း(ယခုဖျက်သိမ်း)မှ ရန်ကုန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၂၀၁၇ ခုနှစ်အထိ ပါဝင်ကစားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ထိုင်းကလပ် ချင်းရိုင် အသင်း၏ ကမ်းလှမ်းမှုနှင့်အတူ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထိုင်းကလပ် ဆာမက်ပရာခန်တွင် အငှား ဆက်လက်ကစားခဲ့ခြင်းဖြစ်သည်။