မိုချန်ဂလာဘတ် - ဝါဒါဘရီမင် (တနင်္ဂနွေည ၇:၀၀ နာရီ)
ဘိုင်ယန်-ဒေါ့မွန် ထိပ်တိုက်တွေ့နေမှုကို မိုချန်ဂလာဘတ်တို့ အမိအရအသုံးချရမှာပါ။ ဝါဒါဘရီမင်က သရေပွဲတွေ ဆက်တိုက်ကစားထားပေမယ့် ဒီပွဲတော့ အမှတ်မျှော်ဖို့ မလွယ်ပါဘူး။ မိုချန်ဂလာဘတ် အနိုင်ကစားမှာပါ။
ဝုလ်ဖ်ဘတ် - လေဗာကူဆင် (တနင်္ဂနွေည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ရှုံးပွဲစတွေ့ထားသလို၊ လေဗာကူဆင် ကလည်း (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ အိမ်ကွင်းမှာ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။
ဖရိုင်းဘတ် - ဖရန့်ဖတ် (တနင်္ဂနွေည ၁၁:၃၀ နာရီ)
ဖရန့်ဖတ်အသင်းက ဒီရာသီ အဝေးကွင်း(၄)ပွဲမှာ (၃)ပွဲ အထိ အရေးနိမ့်ထားတဲ့အသင်းပါ။ ဖရိုင်းဘတ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။















