VAR monitor ကို ခြေထောက်ဖြင့် ကန်ခဲ့သည့် မိုနာကိုနောက်ခံလူကို ပရိသတ်များ ထောက်ခံအားပေး

VAR monitor ကို ခြေထောက်ဖြင့် ကန်ခဲ့သည့် မိုနာကိုနောက်ခံလူကို ပရိသတ်များ ထောက်ခံအားပေး
Photo: Foxsports
Photo: Foxsports
Published 4 November 2019

မိုနာကိုအသင်း၏ နောက်ခံလူ အဂွီလာသည် တနင်္ဂနွေနေ့က စိန့်အက်တီယန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် အဝတ်လဲခန်းသို့ ထွက်ခွာလာစဉ် VAR monitor ကို ခြေထောက်ဖြင့် ကန်ခဲ့ခြင်းအား ပရိသတ်များက ထောက်ခံအားပေးခဲ့ကြကြောင်း သိရှိရသည်။

ယင်းပွဲတွင် မိုနာကိုအသင်းက (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အဂွီလာသည် မိနစ်(၇၀)ဝန်းကျင်မှ လူစားဝင်ကစားခဲ့ရေသော်လည်း နာကျင်အချိန်ပိုတွင် အနီကတ်ပြ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ထို့ပြင် ယင်းအနီကတ်မှာ ၎င်းအတွက် နောက်ဆုံးကစားခဲ့သည့်(၇)ပွဲတွင် ဒုတိယအကြိမ် ပြသခံရခြင်းဖြစ်သောကြောင့် အဂွီလာက ပေါက်ကွဲခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ အဂွီလာ ပြုမူခဲ့ခြင်းကို ပြင်သစ်မီဒီယာတစ်ခုက Twitter  တွင်ဖော်ပြခဲ့ရာ ပရိသတ်များက အဂွီလာဘက်မှ ရပ်တည်ခဲ့ကြပြီး VAR ၏ ဆုံးဖြတ်ချက်များကို မိမိတို့လည်း သဘောကျခြင်းမရှိကြောင်း ထောက်ခံရေးသားခဲ့ကြသည်။

ပရိသတ်တစ်ဦးက ''ငါတို့အားလုံး အဂွီလာ ဖြစ်တယ်'' ဟု ရေးသားခဲ့ပြီး ပရိသတ်တစ်ဦးက VAR ကို အဂွီလာကဲ့သို့ပင် ကန်ထုတ်ပစ်လိုက်သင့်သည်ဟု ရေးသားခဲ့သည်။

 

Most Read

Most Recent