ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို၏သွင်းဂိုးမှတ်တမ်းမျိုးကို လူကာကူ ပိုင်ဆိုင် 

ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို၏သွင်းဂိုးမှတ်တမ်းမျိုးကို လူကာကူ ပိုင်ဆိုင် 
Photos: Getty Images
Photos: Getty Images
Published 4 November 2019

ပြီးခဲ့သည့်ဘိုလော့ဂ်နာအသင်းနှင့် စီးရီးအေပွဲစဉ်တွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းတိုက်စစ်မှူး  လူကာကူသည် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို၏ သွင်းဂိုးမှတ်တမ်းမျိုးကို ပိုင်ဆိုင်ခဲ့သည်။ 

၁၉၉၇-၉၈ ဘောလုံးရာသီတွင် အင်တာမီလန်အတွက် ပထမဆုံး စတင်ကစားပေးခဲ့သည့် ရော်နယ်လ်ဒိုသည် စီးရီးအေရာသီအစပွဲစဉ် (၁၁)ပွဲ၌ သွင်းဂိုး (၉)ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိရာသီတွင် လူကာကူက ယင်းသွင်းဂိုးမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။    

ဘိုလော့ဂ်နာအသင်းနှင့်ပွဲစဉ်တွင် အင်တာမီလန်အသင်းသည် နောက်မှလိုက်ကစားခဲ့ရခြင်းဖြစ်ပြီး လူကာကူက ပွဲချိန် (၇၅)မိနစ်၌ ချေပဂိုးနှင့် ပွဲချိန် (၉၁)မိနစ်၌ ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ 

ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းအတွက် လူကာကူသည် ကျေနပ်ပျော်ရွှင်နေပြီး ပွဲအပြီးတွင် "ကျွန်တော်တို့အသင်း နိုင်ပွဲရရှိဖို့အတွက် အရေးပါတဲ့ပယ်နယ်တီပါပဲ။ ဘိုလော့ဂ်နာအသင်းက အာရုံစူးစိုက်မှုအပြည့်နဲ့  ကျွန်တော်တိို့ကို အံ့အားသင့်စေခဲ့ပေမယ့် ကျွန်တော်တို့က စိတ်ဓာတ်ကောင်းကောင်းနဲ့ တုံ့ပြန်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်။ ကျွန်တော့်အသက်က (၂၆)နှစ်ပဲရှိပါသေးတယ်။ နေ့စဉ်တိုးတက်အောင် အသင်းနဲ့ အတူကြိုးစားနေပြီး အခုလိုမျိုးမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့လို့ ကျေနပ်ရပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

လူကာကူသည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၉)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent