လူမည်းဘောလုံးသမားစာရင်းတွင် မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်၊ လီဗာပူးလ်အသင်း တောင်ပံကစားသမား မာနေ၊ စပါး အသင်းနောက်ခံလူ ဒန်နီရို့စ်အပြင် ဂျူဗင်တပ်စ်အမျိုးသမီးအသင်း တိုက်စစ်မှူး အယ်လူကို၊ ချယ်လ်ဆီး အမျိုးသမီးအသင်း နောက်ခံလူ အာဆန်တီတို့အပါအဝင် စုစုပေါင်းငါးဦး ရွေးချယ်ခံခဲ့ရသည်။
၂၀၁၉ ခုနှစ်အတွက် ဗြိတိန် ဘောလုံးလောကအပေါ် လွှမ်းမိုးမှု အရှိဆုံး လူမည်းကစားသမားများ စာရင်းတွင် စတာလင်၊ မာနေ၊ ဒန်နီရိုစ်တို့ ရွေးချယ်ခံရကြောင်း သိရသည်။
ဘောလုံးလောကအပေါ် လွှမ်း မိုးမှုအရှိဆုံး ထင်ရှားကျော်ကြားသည့် လူမည်းများစာရင်း (The Football Black List) ကို ၂၀၀၈ ခုနှစ်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ကစားသမားများ၊ စီမံခန့်ခွဲ အုပ်ချုပ်သူများ၊ နည်းပြနှင့် စီမံခန့်ခွဲသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်စီမံကိန်းဆောင်ရွက်သူများ၊ မီဒီယာသမားများ၊ ဘောလုံး နှင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ စသည့်ကဏ္ဍခုနစ်ခုအတွက် ရွေးချယ်ထားကြောင်း သိရသည်။
လူမည်းဘောလုံးသမားစာရင်းတွင် မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်၊ လီဗာပူးလ်အသင်း တောင်ပံကစားသမား မာနေ၊ စပါး အသင်းနောက်ခံလူ ဒန်နီရို့စ်အပြင် ဂျူဗင်တပ်စ်အမျိုးသမီးအသင်း တိုက်စစ်မှူး အယ်လူကို၊ ချယ်လ်ဆီး အမျိုးသမီးအသင်း နောက်ခံလူ အာဆန်တီတို့အပါအဝင် စုစုပေါင်းငါးဦး ရွေးချယ်ခံခဲ့ရသည်။
စတာလင်အပါအဝင် ၎င်းတို့အနေဖြင့် လူမျိုးရေး ခွဲခြားမှုရင်ဆိုင်ရသော်လည်း ယင်းလုပ်ရပ်များကို လက်မခံဘဲ ကန့်ကွက်ရှုတ်ချကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု၊ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု၊ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှု စသည့်အချက်များကြောင့် ရွေးချယ်ခံရခြင်းဖြစ်သည်။
The Football Black List စာရင်းကို ပရီးမီးယားလိဂ်၊ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့ (PFL)၊ လိဂ်မန်နေဂျာများ အဖွဲ့ (LMA)၊ အင်္ဂလန်ဘောလုံးလိဂ် (EFL) နှင့် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ (Kick It Out) တို့က ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။