ခရစ္စမတ်ကာလတွင် ပွဲစဉ်များဆက်တိုက်ကစားရခြင်းအတွက် ယာဂန်ကလော့ပ်၏ဝေဖန်မှုကို ဂွါဒီယိုလာ ထောက်ခံပြီး ပွဲစဉ်များလျှော့ချသင့်ကြောင်း အကြံပြု

ခရစ္စမတ်ကာလတွင် ပွဲစဉ်များဆက်တိုက်ကစားရခြင်းအတွက် ယာဂန်ကလော့ပ်၏ဝေဖန်မှုကို ဂွါဒီယိုလာ ထောက်ခံပြီး ပွဲစဉ်များလျှော့ချသင့်ကြောင်း အကြံပြု
Photos: Getty Images
Photos: Getty Images
Published 3 November 2019

လီဗာပူးလ်အသင်းသည် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ဇန်နဝါရီလဆန်းအထိ ရက်သတ္တပတ်ခြောက်ပတ်အတွင်း စနေ၊ တနင်္ဂနွေအပြင် ကြားရက်များတွင်ပါ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနှင့် FA ဖလားပွဲစဉ် ၁၄ ပွဲဆက်တိုက် ကစားရမည်ဖြစ်သောကြောင့် ဗီလာအသင်းနှင့်ကစားမည့် လိဂ်ဖလား ကွာတားဖိုင်နယ်ကို ဇန်နဝါရီဒုတိယပတ်သို့ရွှေ့ဆိုင်းရန် ဆွေးနွေးနေရသည်။

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ခရစ္စမတ်ကာလတွင် ပွဲစဉ်များဆက်တိုက်ကစားရခြင်းအတွက် လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်၏ ဝေဖန်မှုကို ထောက်ခံခဲ့ပြီး ပွဲစဉ်များလျှော့ချသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ဇန်နဝါရီလဆန်းအထိ ရက်သတ္တပတ်ခြောက်ပတ်အတွင်း စနေ၊ တနင်္ဂနွေအပြင် ကြားရက်များတွင်ပါ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနှင့် FA ဖလားပွဲစဉ် ၁၄ ပွဲဆက်တိုက် ကစားရမည်ဖြစ်သောကြောင့် ဗီလာအသင်းနှင့်ကစားမည့် လိဂ်ဖလား ကွာတားဖိုင်နယ်ကို ဇန်နဝါရီဒုတိယပတ်သို့ရွှေ့ဆိုင်းရန် ဆွေးနွေးနေရသည်။ သို့ ဖြစ်ရာ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် ပွဲစဉ်များစွာ ယှဉ်ပြိုင်ရခြင်းအတွက် ယာဂန်ကလော့ပ်၏ ဝေဖန်ပြောကြားမှုကို ဂွါဒီယိုလာက ထောက်ခံခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက " ယာဂန်နဲ့ ကျွန်တော် သဘောထားချင်းတိုက်ဆိုင်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ပွဲစဉ်တွေလျှော့ချဖို့ပါပဲ။ ပွဲစဉ်တွေနဲ့ ပြိုင်ပွဲတွေ ဒီထက်ပိုနည်းဖို့၊ ကစား သမားတွေအတွက် အနားယူချိန်ပိုပေးဖို့ လိုပါတယ်။ ခရစ္စမတ်မှာဆိုရင် ဒီဇင်ဘာ ၂၇ ရက်ပြီးရင် ဒီဇင်ဘာ ၂၉ ရက်မှာ ကျွန်တော်တို့ ထပ်ကစားရပါမယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်းပြောနေတာ ပါ။ UEFA အစည်းအဝေးတွေမှာလည်း ဒီကိစ္စကို အမြဲတမ်းဆွေးနွေးကြပါတယ်။ ပွဲစဉ်တွေ အများကြီးကစားရတာနဲ့ပတ်သက်လို့ ယာဂန်ရဲ့ပြောကြားမှုကို ကျွန်တော်သဘောတူပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော်ဆိုရင်လည်း Carabao Cup (လိဂ်ဖလား) မှာ ဂွန်ဒိုဂန်၊ ဒီဘရိုင်းနားနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ကို မကစားဘဲ အနားပေးဖို့ ဦးစားပေးဆုံးဖြတ်ခဲ့ပါတယ်။ ယာဂန်နဲ့ အာဆင်နယ်အသင်းလည်း အတူတူပဲလုပ်ခဲ့ တယ်လို့ ကျွန်တော်ထင်တယ်။ မန်ချက်စတာယူနိုက်တက်ကတော့ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ အခြေအနေကြောင့် ဖြစ်ပါလိမ့်မယ်။ တခြားအသင်းတွေအတွက်လည်း ဒီပြိုင်ပွဲက လူစာရင်းကို အလှည့်ကျသုံးဖို့ အဆင်ပြေစေမှာပါ။ ဒီပြိုင်ပွဲက ပွဲအများကြီးမကစားရတဲ့ ကစားသမားတွေအတွက် အခွင့်အရေးဖြစ်စေမှာပါ။ ဒါပေမဲ့ ပွဲတွေအများကြီးကစားနေရတဲ့အချက်ကလည်း မှန်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

ယာဂန်ကလော့ပ်ကလည်း လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲရွှေ့ဆိုင်းရန် ဆွေးနွေးနေသော်လည်း အပြီးသတ် ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

Most Read

Most Recent