ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်
Published 2 November 2019

 

ဘုန်းမောက် - မန်ယူ (စနေည ရးဝ၀ နာရီ)

မာစီယဲလ်ပြန်ကစားနိုင်တာက မန်ယူတိုက်စစ်အတွက် အားတက်စရာလို့ ပြောလို့ရတယ်။ ပေါ့ဘာ မကစားနိုင်သေးပေမယ့် လက်ရှိကွင်းလယ်မှာ တွမ်မီနေး-ဖရက်ဒ်အတွဲ ခြေစွမ်းပြနေလို့ ပြဿနာမရှိဘူး။ ဘုန်းမောက်က တိုက်စစ်ကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ နောက်ဆုံးကစားတဲ့ (၃)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာ အံ့သြစရာကောင်းတယ်။ မန်ယူရဲ့ အဝေးကွင်းခြေစွမ်းကို စောင့်ကြည့်ရမယ်။ (၁-၁၊ ၁-၂)လောက်ဖြစ်မယ်။ 

အာဆင်နယ် - ဝုလ်ဗ် (စနေည ၉း၃၀ နာရီ)

ဝုလ်ဗ်က မာကျောပါတယ်။ အထူးသဖြင့် အသင်းကြီးတွေနဲ့ပွဲတွေမှာ ခြေစွမ်းပြတတ်တယ်။ ပွဲတစ်ပွဲအပေါ် သေသေချာချာအာရုံစိုက်ကစားရင် ပြိုင်ဘက်တိုင်းခက်ခဲတဲ့အသင်းမျိုးဖြစ်တယ်။ အာဆင်နယ်ကွင်းလယ်ကို ယှဉ်ကစားနိုင်တဲ့ကွင်းလယ်နဲ့ ခံစစ်ကိုဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကိုလည်း ပိုင်ဆိုင်ထားလို့ အာဆင်နယ်အတွက် ဖိအားများဦးမယ့်ပွဲပါ။ သရေကျသွားနိုင်ပြီး (၁-၁)ဖြစ်ဖို့များတယ်။ 

အက်စတွန်ဗီလာ - လီဗာပူးလ် (စနေည ၉း၃၀ နာရီ)

လီဗာပူးလ်က အရေးကြီးတဲ့ စမ်းသပ်မှုလို့ ဆိုနိုင်မယ့် စပါးအသင်းနဲ့ပွဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တာကိုတွေ့ရ တယ်။ ဒီပွဲပြီးရင် အိမ်ကွင်းမှာ မန်စီးတီးကို လက်ခံကစားရမှာဖြစ်ပြီး အနည်းဆုံး (၆)မှတ်ကွာအနေအထားအတိုင်း ထိန်းထား နိုင်အောင်ကြိုးစားလိမ့်မယ်။ ဗီလာကတော့ နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲအနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာတော့ မန်စီးတီးကို အဝေး ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တာတွေ့ရတယ်။ နှစ်သင်းစလုံးက ဒီပွဲမတိုင်ခင် ကြားရက်တွေမှာ လိဂ်ဖလားပွဲစဉ်တွေကို ကစားထားရ ပြီး ပွဲပန်းတဲ့ပြဿနာရှိနိုင်တယ်။ ဒါပေမဲ့ လီဗာပူးလ်ရဲ့အရန်အင်အားကြောင့် ဒီပွဲအတွက် ဗီလာထက် ပိုလန်းဆန်းနေလိမ့်မယ် လို့ ယူဆရတယ်။ လီဗာပူးလ်ရဲ့ဒီရာသီပွဲစဉ်တွေကိုကြည့်ရင် Clean Sheets ရခဲ့တာ နှစ်ပွဲသာရှိပြီး ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲနဲ့ ဘန်လေကို အိမ်ကွင်းမှာ နိုင်ခဲ့တာဖြစ်တယ်။ ဗီလာကလည်း တိုက်စစ်ပိုင်းမဆိုးတဲ့အသင်းလို့ ပြောလို့ရပြီး လီဗာပူးလ်ခံစစ် ဂိုးပေးရဖို့ ရှိတယ်။ ဒီပွဲက လီဗာပူးလ်နိုင်မယ်။ ဂိုးများနိုင်တယ်။ (၁-၃)လောက်ဖြစ်မယ်။ 

ဘရိုက်တန် - နောဝစ်ချ် (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်က ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းကိုရော၊ စိတ်ဓာတ်ကောင်းကိုပါ ပြသ နိုင်ခဲ့တယ်။ နောက်ဆုံး (၃)ပွဲမှာ ဗီလာကိုအဝေးကွင်းမှာ ရှုံးခဲ့ပေမယ့် စပါးနဲ့ အဲဗာတန်တို့ ကို အနိုင်ကစားခဲ့တာ၊ ဒီပွဲကိုလည်း သူတို့အားသာတဲ့ အိမ်ကွင်းမှာ ကစားရမှာတွေက နောဝစ်ချ်အတွက် စိုးရိမ်စရာပါ။ နောဝစ်ချ်ကတော့ ရလဒ်ပိုင်းသိသိသာသာကျဆင်းသွား ပြီး ခံစစ်၊ တိုက်စစ် အားနည်းနေပါပြီ။ ဘရိုက်တန်အနိုင်ရလိမ့်မယ်။ 

မန်စီးတီး - ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

မန်စီးတီးအသင်းက ဝုလ်ဗ်ကိုရှုံးပြီးတဲ့နောက် ပဲလေ့စ်၊ အက်စတွန်ဗီလာတို့နဲ့ ပွဲတွေမှာ နိုင်ပွဲတွေနဲ့ ပြန်လာနိုင်ခဲ့တယ်။ ခံစစ်ပိုင်းမှာ လူမစုံတဲ့ကြားက ရလဒ်ကောင်းတွေရလာခဲ့ပြီး နောက်ဆုံးနှစ်ပွဲစလုံး ဂိုးမပေးခဲ့ရတာတွေ့ရတယ်။ ဒါပေမဲ့ ပဲလေ့စ် နဲ့ ပွဲတုန်းက ခံစစ်က စနစ်ကျခဲ့ပြီး ဗီလာနဲ့ပွဲမှာတော့ တစ်ဦးချင်းအမှားတွေရှိခဲ့တယ်။ ဗီလာနဲ့ပွဲ ပထမပိုင်းကစားပုံက ဒီရာသီ မန်စီးတီးရဲ့အားအနည်းဆုံးကစားပုံတွေထဲကတစ်ခုလို့ ပြောလို့ရပြီး ဒုတိယပိုင်းရောက်မှ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တယ်။ စတာလင်က မန်စီးတီးအတွက် ဂိုးတွေပုံမှန်သွင်းပေးနေပြီး ဂျေးဇူး-အဂွဲရိုးအတွဲက ဘယ်သူပဲကစားကစား အားကိုးရတာ။ ဆာ နေးဒဏ်ရာကြောင့်နားနေရတဲ့ ရာသီမှာ မာရက်ဇ်ခြေစွမ်းပြနေတာတွေကြောင့် မန်စီးတီးရဲ့တိုက်စစ်က စိတ်ပူစရာမရှိဘူး။ ဆောက်သမ်တန်ကလည်း ဒီရာသီမှာရလဒ်မကောင်းပေမယ့် လက်စတာနဲ့ပွဲမတိုင်အထိ ဂိုးတော့ပုံမှန်သွင်းနိုင်ခဲ့ တယ်။ ဒါပေမဲ့ ဒီပွဲမှာ လက်စတာနဲ့ပွဲက ဒဏ်ရာရှိဦးမယ်။ အဝေးကွင်းလည်းဖြစ်နေတယ်။ မန်စီးတီး (၄-၁)လောက်ဖြစ်မယ်။ 

ရှက်ဖီးယူနိုက်တက် - ဘန်လေ (စနေည ၉း၃၀ နာရီ)

ဒီနှစ်သင်းက ရပ်တည်မှုသိပ်မကွာသလို၊ ခြေစွမ်းလည်းမကွာကြဘူး။ နှစ်သင်းစလုံး မာကျောပြီး ခံစစ်ကစားပုံမဆိုးဘူးလို့ ပြောနိုင်တယ်။ အထူးသဖြင့် ရှက်ဖီးယူနိုက်တက်ရဲ့ အိမ်ကွင်းကစားပုံနဲ့ ခံစစ်က တော်တော်အားရစရာကောင်းပြီး နောက်ဆုံးအိမ်ကွင်းပွဲစဉ် တွေမှာ လီဗာပူးလ်ကို ကပ်ရှုံး၊ အာဆင်နယ်ကိုနိုင်ထားတယ်။ ဘန်လေကတော့ အဝေး ကွင်းတွေမှာ အားရစရာသိပ်မရှိပါဘူး။ ရှက်ဖီးကိုကြိုက်တယ်။ 

ဝက်စ်ဟမ်း - နယူးကာဆယ်(စနေည ၉း၃၀ နာရီ)

နယူးကာဆယ်က လက်စတာကို ဂိုးပြတ်ရှုံးခဲ့ပြီးတဲ့နောက် ခြေပြန်မှန်လာတယ်။ ခံစစ်ကစားပုံတိုးတက်မှုရှိပြီး အသင်းလိုက်လည်းမာကျောတယ်။ နယူးကာဆယ်ရဲ့ပြဿနာက ကွင်းလယ်ဖန်တီးရှင်ကောင်းကောင်းမရှိ၊ ကစားကွက်ထိန်းချုပ်နိုင်မှုအားနည်းတာပဲ။ ဝက်စ်ဟမ်းက တစ်ဦးချင်းအရည်အသွေးမြင့်သူတွေရှိတယ်။ ဒါပေမဲ့ ဟယ်လာက ဂိုးရဖို့ ရုန်းကန်နေရသလို၊ တိုက်စစ်လည်းကျသွားတယ်။ ဝက်စ်ဟမ်း (၁-၀)လောက် ဖြစ်မယ်။ 

ဝက်ဖို့ဒ် - ချယ်လ်ဆီး (စနေည ၁၂းဝ၀ နာရီ)

ချယ်လ်ဆီးက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲရှာဖွေနိုင်ခဲ့သလို၊ အဝေးကွင်းမှာလည်း  (၅)ပွဲစလုံးအနိုင်ရခဲ့တာတွေ့ရတယ်။ လက်ရှိ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံး အနေအထားမှာရှိနေပြီး တိုက်စစ်ကလည်း အားရစရာကောင်းတယ်။ ဝက်ဖို့ဒ်က ရလဒ် တွေဆိုးရွားနေရာကနေ သရေပွဲတွေတော့ ကစားလာနိုင်တာတွေ့ရတယ်။ ဒါပေမဲ ့ ချယ်လ် ဆီးကိုရပ်တန့်နိုင်ဖို့ လွယ်မယ်မထင်ဘူး။ (၁-၂)လောက်နဲ့ ချယ်လ်ဆီးနိုင်မယ်။ 

 

Most Read

Most Recent