လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း အာနိုးလ် ဝန်ခံ

လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း အာနိုးလ် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 1 November 2019

လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်က မိမိအနေဖြင့် အနာဂတ်တွင် လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်က မိမိအနေဖြင့် အနာဂတ်တွင် လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်နောက်ခံကစားသမား အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ၂၀၁၆-၁၇ ရာသီတွင် ပွဲထွက်ခဲ့သူဖြစ်သည်။ 

အာနိုးလ်က မိမိအနေဖြင့် လီဗာပူးလ်အသင်းကို စွန့်ခွာသွားမည်မဟုတ်ကြောင်းနှင့် အနာဂတ်တွင် အသင်းခေါင်းဆောင်ဖြစ်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာနိုးလ်က "တစ်နေ့မှာ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လိုပါတယ်။ ဒါကို ဝန်ခံဖို့အတွက် ကျွန်တော် မရှက်ပါဘူး။ ကျွန်တော့်အနေနဲ့ လီဗာပူးလ်အသင်း ခေါင်းဆောင် ဖြစ်ရေး၊ မဖြစ်ရေးက ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ဒါပေမဲ့ လီဗာပူးလ်အသင်းကို အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ဦးဆောင်ချင်တာက ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ လီဗာပူးလ်အသင်းမှာပဲ အမြဲရှိနေခဲ့တာပါ။ လီဗာပူးလ်က ကျွန်တော့်ရဲ့ အိမ်လည်း ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ အသင်းပြောင်းဖို့ တွေးတောင် မတွေးဖူးပါဘူး။ ကျွန်တော်ဟာ လီဗာပူးလ်မှာ ကစားဖို့ ကံပါလာတယ်လို့လည်း အမြဲတမ်း တွေးမိပါတယ်။ လီဗာပူးလ်မှာ ကျွန်တော် ကြီးပြင်းခဲ့တယ်။ လီဗာပူးလ်အသင်းမှာ ကစားဖို့ပဲ အမြဲတမ်း ကျွန်တော် အိပ်မက်မက်ခဲ့တယ်။ အခု အဲဒီအိပ်မက်ကို ကျွန်တော် အကောင်အထည်ဖော်ခွင့်ရနေပါပြီ။ ဒါကို ပြောင်းလဲပစ်ဖို့ အကြောင်း မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

၂၀၀၄ ခုနှစ်ကတည်းက လီဗာပူးလ်အကယ်ဒမီသို့ ရောက်ရှိလာခဲ့သည့် အာနိုးလ်သည် နည်းပြ ယာဂန်ကလော့ပ်လက်ထက်တွင် လီဗာပူးလ်အသင်း၌ ပွဲထွက်ခွင့်ရခဲ့ပြီး ယခုအခါ အသင်း၏ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ 

အာနိုးလ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲအထိ ကစားထားကာ နိုဝင်ဘာ (၂)ရက်တွင် ကစားမည့် ဗီလာနှင့်ပွဲ၌ ပါဝင်ကစားခဲ့မည်ဆိုပါက အသင်းအတွက် ပွဲ (၁၀၀) ပြည့်မြောက်ဖြစ်ကြောင်း သိရသည်။ 

အာနိုးလ်က မိမိအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးကို ပိုင်ဆိုင်နေခြင်းမှာ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်ကြောင့် ဖြစ်ကြောင်းနှင့် ယာဂန်ကလော့ပ်၏ ကျေးဇူးများမှာ ဆပ်၍မကုန်နိုင်ကြောင်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent