ယခုနှစ်အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် စတာလင်၏သွင်းဂိုး ၃၆ ဂိုးရှိလာပြီး ပရီးမီးယားလိဂ်ကစားသမားများအနက် ဂိုးအများဆုံးအဖြစ် ရပ်တည်နေ

ယခုနှစ်အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် စတာလင်၏သွင်းဂိုး ၃၆ ဂိုးရှိလာပြီး ပရီးမီးယားလိဂ်ကစားသမားများအနက် ဂိုးအများဆုံးအဖြစ် ရပ်တည်နေ
Published 28 October 2019

 

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်၏ ယခုနှစ်အတွင်း ကလပ်အသင်း နှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် သွင်း ဂိုးစုစုပေါင်းမှာ ၃၆ ဂိုးရှိလာပြီး ပရီးမီးယား လိဂ်ကစားသမားများအနက် ဂိုးအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

စတာလင်သည် အောက်တိုဘာ ၂၆ ရက်က ဗီလာအသင်းကို သုံးဂိုးပြတ်အနိုင်ရ သည့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ယခု နှစ်အတွင်း သွင်းဂိုးစုစုပေါင်း ၃၆ ဂိုးရှိလာ ခြင်းဖြစ်သည်။

အသက် ၂၄ နှစ်ရှိပြီဖြစ်သည့် စတာလင်သည် ဇန်နဝါရီမှ ၂၀၁၈-၂၀၁၉ ရာသီကုန်ချိန်အထိ မန်စီးတီးအသင်းအတွက် ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ခုနစ်ဂိုး၊ ချန်ပီယံလိဂ် ပြိုင်ပွဲ၌ လေးဂိုး၊ လိဂ်ဖလားပြိုင်ပွဲ၌ တစ်ဂိုး၊ ကွန်မြူနတီဒိုင်းပြိုင်ပွဲ၌ တစ်ဂိုး သွင်းယူထားသည်။

သို့ဖြစ်ရာ စတာလင်သည် ယခုရာသီ ပြိုင်ပွဲစုံတွင် ၁၄ ပွဲကစား ၁၃ ဂိုးအထိ သွင်းယူ ထားခြင်းဖြစ်သည်။

၎င်းသည် ယခုနှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ရှစ်ပွဲကစား ရှစ်ဂိုးသွင်းယူပေးထားပြီး ချက် အသင်းနှင့်ပွဲတွင် ဟက်ထရစ်၊ မွန်တီနီဂရိုး၊ ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုအသင်းတို့နှင့်ပွဲများ တွင် တစ်ဂိုးစီ၊ ဘူလ်ဂေးရီးယားနှင့် ဒုတိယ အကျော့ပွဲတွင် နှစ်ဂိုး သွင်းယူထားသည်။ 

ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း စတာ လင်၏ ကလပ်အသင်းနှင့် နိုင်ငံအသင်း အတွက် သွင်းဂိုးစုစုပေါင်းမှာ ၃၆ ဂိုးရှိလာပြီး ပရီးမီးယားလိဂ်ကစားသမားများအနက် ဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

စတာလင်၏နောက် တွင် မန်စီးတီးအသင်းဖော် အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုးက ၃၁ ဂိုး၊ လီဗာပူးလ် အသင်း၏ ဆီနီဂေါတောင်ပံကစားသမား မာနေက ၂၉ ဂိုး၊ ဝုလ်ဗ်အသင်း၏ မက္ကဆီကို တိုက်စစ်မှူး ဟီမင်နက်ဇ်က ၂၆ ဂိုး၊ အာဆင် နယ်အသင်း၏ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းက ၂၄ ဂိုး၊ လက်စတာအသင်း၏ အင်္ဂ လန်တိုက်စစ်မှူး ဗာဒီက ၂၁ ဂိုးဖြင့် အစဉ် လိုက် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။ 

စတာလင်၏သွင်းဂိုးအရေအတွက်မှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏ ၂၀၁၉ ခုနှစ်အတွင်း ဂိုးအရေအတွက်နှင့် တူညီနေကြောင်းလည်း သိရသည်။

 

Most Read

Most Recent