အသက် ၁၉ နှစ်သာရှိသေးသည့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ယခုရာသီ သြစတြီးယားဘွန်ဒစ်လီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနေပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ ကိုးပွဲကစား ၁၁ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ သုံးပွဲကစား ခြောက်ဂိုး သွင်းယူထားသဖြင့် ဥရောပထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်းခံနေရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဟော်လန်းကို စိတ်ဝင်စားသည့်အကြောင်း ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
အသက် ၁၉ နှစ်သာရှိသေးသည့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ယခုရာသီ သြစတြီးယားဘွန်ဒစ်လီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနေပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ ကိုးပွဲကစား ၁၁ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ သုံးပွဲကစား ခြောက်ဂိုး သွင်းယူထားသဖြင့် ဥရောပထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်းခံနေရသည်။
၎င်းသည် KRC ဂျန့်အသင်းနှင့် အုပ်စုအဖွင့်ပွဲမှာပင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းနှင့် ဒုတိယပွဲတွင် တစ်ဂိုး၊ နာပိုလီ အသင်းနှင့် တတိယပွဲတွင် နှစ်ဂိုး ထပ်မံသွင်းယူကာ ကစားသမားဘဝ ချန်ပီယံလိဂ် အဖွင့် သုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမားနှင့် အဖွင့်သုံးပွဲတွင် ခြောက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် မိုလ်ဒီအသင်းကို ဆိုးလ်ရှား ကိုင်တွယ်စဉ်က အတူလက်တွဲဖူးသောကြောင့် မန်ယူအသင်း သို့ခေါ်ယူပေးရန် ပရိသတ်များ တောင်းဆိုနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
သို့သော် ဟော်လန်း၏အပြောင်းအရွှေ့ သတင်းနှင့်ပတ်သက်၍ ဆိုးလ်ရှားက "အခုအချိန်က တခြားအသင်းရဲ့ တိုက်စစ်မှူးအကြောင်း ပြောရမယ့်အချိန်လို့ ကျွန်တော် မထင်ပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဟာရီကိန်း အကြောင်းကို ပြောခဲ့ပြီး အခုလည်း အာလင်း (ဟော်လန်း) ကို အကြောင်းကို ပြောနေရပြန်ပြီ။ ဒါက ကျွန်တော်ပြောရမယ့်အချိန်မဟုတ်သေးပါဘူး" ဟု ပြောကြားခဲ့သည်။ ဟော်လန်းသည် ၂၀၁၉ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဟွန်ဒူးရပ်စ်နှင့်ပွဲ၌ တစ်ပွဲတည်းကိုးဂိုး သွင်းယူပြီး ရွှေဖိနပ်ဆု ဆွတ်ခူးရရှိခဲ့သည်။