ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရန် အမေရိကန်က တောင်းဆိုသော်လည်း တူရကီက ဖီဆန်ခဲ့ပြီး စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရန် အမေရိကန်က တောင်းဆိုသော်လည်း တူရကီက ဖီဆန်ခဲ့ပြီး စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်
  အောက်တိုဘာ ၁၆ ရက်တွင် ဆီးရီးယားနိုင်ငံ Rasal- Ain မြို့၌ တူရကီ၏ ဗုံးကြဲမှုကြောင့် မီးခိုးလုံးများ ထွက်ပေါ်နေစဉ်
အောက်တိုဘာ ၁၆ ရက်တွင် ဆီးရီးယားနိုင်ငံ Rasal- Ain မြို့၌ တူရကီ၏ ဗုံးကြဲမှုကြောင့် မီးခိုးလုံးများ ထွက်ပေါ်နေစဉ်
Published 17 October 2019
Ref: AFP

ကာ့ဒ်တပ်ဖွဲ့ဝင်များအား နှိမ်နင်းသည့် ထိုးစစ်ကိုရပ်ဆိုင်းရန် အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုကို တူရကီက ပယ်ချခဲ့ပြီးနောက် အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်သည် သမ္မတရီဆပ်တေရစ်အာဒိုဂန်ကို တွန်းအားပေးရန် အောက်တိုဘာ ၁၇ ရက်တွင် တူရကီသို့ ရောက်ရှိခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့မှုကြောင့် လွယ်ကူချောမွေ့ခဲ့သည့် တူရကီ၏ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု အာဒိုဂန်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဒိုဂန်ကို မရူးမိုက်ရန် သတိပေးခဲ့သည့်  အထူးစာတစ်စောင် ပေးပို့ခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းသို့ တူရကီက  ကျူးကျော်ဝင်ရောက်ခဲ့သည့်နေ့တွင် ပေးပို့ခဲ့သည့်စာ၌ ထရန့်က သမိုင်းတွင် အာဒိုဂန်ကို မကောင်းဆိုးဝါးတစ်ဦးအဖြစ် အမည်ဆိုးတပ်နိုင်ခြေရှိကြောင်း ရေးသားခဲ့သည်။ ပင့်စ်၏ တူရကီခရီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အခြား တာဝန်ရှိသူများလည်းပါဝင်ခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ ရုတ်တရက် စတင်ဆုတ်ခွာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တူရကီစစ်သားများနှင့် ၎င်းတို့၏ ဆီးရီးယားသူပုန်မဟာမိတ်များသည် အဓိကနယ်စပ်မြို့တစ်မြို့ဖြစ်သည့် Rasal- Ain မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး ကာ့ဒ်တိုက်ခိုက်ရေးသမားများက ခက်ခက်ခဲခဲခုခံတော်လှန်ခဲ့ရသည်ဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များနှင့် သူပုန်မဟာမိတ်များသည် မြေပြင်တပ်ဖွဲ့တစ်ဖွဲ့ကို အသုံးပြုခဲ့ပြီး အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမတိုင်မီ မြို့၏ ထက်ဝက်နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

ထိုးစစ်စတင်ခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံအတွင်း အရပ်သား ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ယင်းသည် ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်း

စစ် စတင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးက သောင်းကနင်းဖြစ်မှုတစ်ခုဖြစ်ကြောင်း စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထိုးစစ်အတွင်း သေဆုံးခဲ့သူ ၅၀၀ ခန့်တွင် အရပ်သား ဒါဇင်များစွာနှင့် ကာ့ဒ်ဘက်မှ လူအများစု ပါဝင်သည်ဟုလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁၆ ရက်တွင် ကာ့ဒ်တပ်ဖွဲ့ဝင်များသည်   ဆီးရီးယားအစိုးရနှင့် အလွန်အမင်းလိုအပ်သော သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ရုရှားစစ်သားများကို နယ်စပ်မြို့ ကိုဘာနီအတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တူရကီထိုးစစ် ကိုးရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီးနောက် တူရကီတပ်ဖွဲ့ဝင်များ ပတ်လည်ဝန်းရံထားသည့်  ပေါက်ကွဲလုနီးပါးဖြစ်နေသည့် နယ်စပ်မြို့ Aasal – Ain မှ အရပ်သားများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြတ်သန်းသွားလာခွင့်လမ်းကြောင်း ထားရှိပေးရန် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ကာ့ဒ်အာဏာပိုင်များက အောက်တိုဘာ ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။ တူရကီ၏ မဟာမိတ်ဆီးရီးယားသူပုန်များက ယင်းမြို့ရှိ ဆေးရုံကို တိုက်ခိုက်ခဲ့မှုကြောင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပိတ်မိနေခဲ့မှုကြောင့် ယင်းမြို့မှ အရပ်သားများထွက်ခွာခွင့်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက်စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent