၀ါးတရာစက်မှုဇုန်အတွင်း စက်မှုမြေကွက်ရယူထားသည့် အချို့သောမြေကွက်ပိုင်ရှင်များ၏ ဆက်သွယ်ရမည့် လိပ်စာမသိရှိရသည့်အပြင် ကော်မတီရုံးသို့ အဆက်အသွယ်မရှိခြင်းကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အခက်တွေ့နေ

၀ါးတရာစက်မှုဇုန်အတွင်း စက်မှုမြေကွက်ရယူထားသည့် အချို့သောမြေကွက်ပိုင်ရှင်များ၏ ဆက်သွယ်ရမည့် လိပ်စာမသိရှိရသည့်အပြင် ကော်မတီရုံးသို့ အဆက်အသွယ်မရှိခြင်းကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အခက်တွေ့နေ
 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-စည်သူအောင်)
Published 16 October 2019
   နီလာ

၀ါးတရာစက်မှုဇုန်အတွင်း စက်မှုမြေကွက်ရယူထားသည့် အချို့သောမြေကွက်ပိုင်ရှင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ မသိရှိရသည့်အပြင် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးသို့ လာရောက်ဆက်သွယ်မှု မရှိခြင်းကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများတွေ့နေကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားသည်။

၀ါးတရာစက်မှုဇုန်အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန်အတွက် စက်မှုဇုန်အတွင်း မြေကွက်ရယူထားသည့် မြေကွက်ပိုင်ရှင်များ အောက်တိုဘာလကုန် နောက်ဆုံးထားပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန်ထားသည်။

စက်မှုဇုန်အဆင့်မြှင့်တင်ရေးဆောင် ရွက်ရန်အတွက် ဖော်ပြပါ စက်မှုမြေကွက်ပိုင်ရှင်များအနေဖြင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ဖော်ပြပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ အောက်တိုဘာ ၃၁   ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း မပျက် မကွက် စာရေးသားပေးပို့ရန် အသိပေးထားသည်။

အဆိုပါမြေကွက်များမှာ မြေကွက်အမှတ်-၄၉/၁(A)၊ ၁(J)၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၆၀၊ ၆၁၊ ၆၂(က)၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၃၊ ၇၄၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၈၊ ၉၉၊ ၁၀၀၊ ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၀၄၊ ၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၆၊ ၁၃၇၊ ၁၄၉၊ ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၇၄၊ ၁၇၅၊ ၂၀၇၊ ၂၃၂၊ ၂၄၆၊ ၂၄၇၊ ၂၄၈၊ ၂၄၉၊ ၂၅၀၊ ၂၅၁၊ ၂၆၄၊၂၆၅၊ ၂၆၆၊ ၂၆၇၊ ၂၅၂၊ ၂၅၈၊ ၂၆၂၊ ၂၉၅၊ ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉၊ ၃၀၀၊ ၃၀၁၊ ၃၀၆၊ ၃၁၀(ခ)၊ ၃၁၄၊ ၃၁၅၊ ၃၁၆၊ ၃၁၇၊ ၃၁၈၊ ၃၂၉၊ ၃၃၀၊ ၃၃၁၊ ၃၃၅၊ ၃၄၃၊ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၃၇၆၊ ၃၇၇၊ ၃၇၈၊ ၃၈၃၊ ၃၈၄၊ ၃၈၅၊ ၃၈၆၊ ၃၈၇၊ ၃၉၀၊ ၃၉၁၊ ၃၉၂၊ ၃၉၃၊ ၃၉၉၊ ၄၀၀၊ ၄၀၁၊ ၄၀၂၊ ၄၀၃၊ ၄၀၄၊ ၄၁၆ တို့ပါဝင်သည်။

အကယ်၍ သတ်မှတ်ရက်ကုန်ဆုံးချိန်အထိ ဆက်သွယ်ပေးပို့လာခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ ရွှေပြည်သာစက်မှု ဇုန်အပိုင်း(၁)၊ သာဓုကန်စက်မှုဇုန်၊ ၀ါးတရာစက်မှုဇုန်တို့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုအား ပြန်လည်အဆင့်မြှင်တင်ရန် စတင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြည်တွင်းစက်မှုဇုန်တွေအဖြစ်ရှိခဲ့တဲ့ ၂၉ ခုက ခေတ်အဆက်ဆက်မှာ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် ပြန်လည်အဆင့်မြှင့်တင်ရမှာရှိပါတယ်။ ရေဆိုးစွန့်ပစ်ဖို့၊ အမှိုက်စွန့်ပစ်ဖို့၊ ဒါတွေအားလုံးကို ဖြည့်ဆီးဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ်။ အဆင့်မြှင့်တင်ဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ စက်မှုဇုန်အဆင့်မြှင့်တင်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ စက်မှုဇုန်အဆင့်မြှင့်တင်ရေးကော်မတီမှာ ကျွန်တော်နာယကအဖြစ် ပါဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် စက်မှုဇုန်အဆင့်မြှင့်တင်ရေး ယန္တရားတွင် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကော်မတီ၊ စီမံခန့်ခွဲရေးမှ တာဝန်ရှိသူများအပြင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်မည်ဖြစ်သည်။

စက်မှုဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန်အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။                                                    

 

 

Most Read

Most Recent