အီတလီစီးရီးအေပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 31 August 2019

အေစီမီလန် နှင့် ဘရက်စီယာ (စနေည ၁ဝး၃၀ နာရီ)

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘာလိုတယ်လီ မကစားနိုင်သေးလို့ ဘရက်စီယာ တိုက်စစ်အားနည်းနေပါတယ်။ အေစီမီလန်ကလည်း တိုက်စစ်မှာ ဆူဆို၊ ပီယွန်တက်ခ်၊ ကက်စတယ်လေဟိုတို့ အတွဲအဖက်မမိသေးဘဲ အူဒီးနီးစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှ မကန်နိုင်ခဲ့ပါဘူး။ ခံစစ်ပိတ်ကစားမယ့် ဘရက်စီယာကြောင့် အေစီမီလန်တိုက်စစ် ပိုမိုရုန်းကန်ရနိုင်လို့ (၂)ဂိုးပြတ်နိုင်ပွဲရမရ စဉ်းစားရမယ်။

ဂျူဗင်တပ်စ် နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ပါးမားနဲ့ပွဲမှာ ကစားသမားသစ်တွေထဲက ရာဘီယူတစ်ဦးတည်းကိုသာ ဂျူဗင်တပ်စ် အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဟီဂွါအင်နဲ့ စီရော်နယ်လ်ဒိုကို တွဲဖက်ပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက အခွင့်အရေးများစွာရခဲ့ပေမယ့် ဂိုးကံခေခဲ့လို့ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပါဘူး။ ဘာနာဒက်ခီ၊ ဒီဘားလားတို့ကို အသုံးပြုမယ်ဆိုရင် ဂျူဗင်တပ်စ်တိုက်စစ် ပိုပြီးထက်မြက်လာနိုင်ပေမယ့် ဒီပွဲမှာလည်း ပါးမားနဲ့ပွဲတုန်းကလူစာရင်းအတိုင်းပွဲထွက်လာဖွယ်ရှိနေပါတယ်။ နာပိုလီက မာတင်စ်၊ အင်ဆစ်ဂ်နီ၊ ကယ်လီဟွန်တို့နဲ့ သုံးယောက်တွဲတိုက်စစ် အလုပ်ဖြစ်နေတုန်းပဲ။ အင်ဆစ်ဂ်နီက အရင်ကလောက် တစ်ကိုယ်ကောင်းမဆန်တော့တာမျိုး တွေ့ရပြီး Final Third Zone ထဲ နေရာယူပုံ ပိုကောင်းလာတယ်။ ဒါပေမဲ့ နာပိုလီရဲ့ ဗဟိုခံစစ်အတွဲ မာနိုလက်စ်နဲ့ ကူလီဘလီကြား နားလည်မှုလိုအပ်နေသေးလို့ စီရော်နယ်လ်ဒို ဂိုးသွင်းနိုင်မယ်ထင်တယ်။ နှစ်သင်းပေါင်းဂိုးများမယ်။ နာပိုလီအမှတ်ရနိုင်တယ်။

 

 

Most Read

Most Recent