နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့သည့် ကစားသမားများကို ဆုကြေးစုစုပေါင်း ကျပ်သိန်း ၂၅၀၀ ကျော် ချီးမြှင့်

နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့သည့် ကစားသမားများကို ဆုကြေးစုစုပေါင်း ကျပ်သိန်း ၂၅၀၀ ကျော် ချီးမြှင့်
သက်ထားသူဇာအတွက် ဂုဏ်ပြုဆုငွေကို အား/ကာညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ချီးမြှင့်ရာ ဖခင်ဖြစ်သူက လက်ခံရယူနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
သက်ထားသူဇာအတွက် ဂုဏ်ပြုဆုငွေကို အား/ကာညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ချီးမြှင့်ရာ ဖခင်ဖြစ်သူက လက်ခံရယူနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 30 August 2019

          နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ရခဲ့သည့် မြန်မာအားကစားသမားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဂုဏ်ပြုသည့်အခမ်းအနားအား သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ ပြည် ထောင်စုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ကိုးလအတွင်း နိုင်ငံတကာပြိုင်ပွဲ များတွင် အောင်မြင်မှုရခဲ့သည့် မြန်မာအား ကစားသမားများကို ဆုကြေးငွေ ကျပ်သိန်း ၂၅၀၀ ကျော် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ အားကစားအဖွဲ့များသည် ယင်းကာလအတွင်း ပြည်ပနိုင်ငံများ၌ကျင်းပသည့် ပြိုင်ပွဲ ၃၉ ပွဲ၊ ပြည်တွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ပြိုင်ပွဲငါးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၀၀၊ ငွေတံဆိပ် ၈၂ ခုနှင့် ကြေး တံဆိပ် ၁၂၉ ခု ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲ အမျိုးအစားအပေါ်မူတည်၍ ဆုကြေးချီးမြှင့် ခြင်းဖြစ်ပြီး အမြင့်ဆုံးပြိုင်ပွဲအတွက် ရွှေ တံဆိပ်တစ်ခုလျှင် ကျပ်သိန်း ၃၀ ချီးမြှင့်ရာ ဆုကြေးအများဆုံးအဖြစ် ကြက်တောင်အား ကစားမယ် သက်ထားသူဇာက ကျပ်သိန်း ၂၀၀ ရရှိခဲ့သည်။ ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်၍ ဆုများပေး အပ်ချီးမြှင့်ခဲ့ပြီး အောင်မြင်မှုရရှိစေရန် စွမ်း ဆောင်ပေးခဲ့သည့် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ များကိုလည်း ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။ 

          ဂုဏ်ပြုဆုရရှိသည့် မြန်မာအားကစား အဖွဲ့များအနက် သက်ထားသူဇာက International Series နှင့် Future series ကြက်တောင်ပြိုင်ပွဲများတွင် ရွှေငါးခု၊ ငွေနှစ်ခု၊ ကြေးတစ်ခု၊ ဗိုဗီနမ်အဖွဲ့က ငါးကြိမ်မြောက် အရှေ့တောင်အာရှချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေ ၁၀ ခု၊ ငွေခုနစ်ခု၊ ကြေး ၁၃ ခု၊ လှေလှော် အဖွဲ့က ၁၄ ကြိမ်မြောက် ကမ္ဘာ့နဂါးလှေလှော် ပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးငါးခု၊ မကာအိုဖိတ်ခေါ် နဂါးလှေပြိုင်ပွဲတွင် ငွေ တစ်ခု၊ အရှေ့တောင်အာရှ အပြည်ပြည်ဆိုင် ရာလှေနှင့် ကနူးကယက်ပြိုင်ပွဲတွင် ရွှေခြောက် ခု၊ ငွေလေးခု၊ ကြေးငါးခု၊ မသန်စွမ်းအဖွဲ့က Special Olympic World Games ပြိုင်ပွဲ တွင် ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခု၊ ငါးယောက် ဘောလုံးပြိုင်ပွဲတွင် ရွှေတစ်ခု၊ ပြေးခုန်ပစ် အဖွဲ့က စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေ ခြောက်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု၊ ရွှေလီ-မူဆယ် မာရသွန်ပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေလေးခု၊ ကြေးခုနစ်ခု၊ ထိုင်းအလွတ်တန်းပြိုင်ပွဲ တွင် ရွှေတစ်ခု၊ ငွေလေးခု၊ ကြေးနှစ်ခု၊ စစ်တု ရင်အဖွဲ့က အကြိမ် ၂၀ မြောက် အာဆီယံနှင့် အခြားနိုင်ငံများအလိုက်ပြိုင်ပွဲတွင် ရွှေ ၃၉ ခု၊ ငွေ ၂၈ ခု၊ ကြေး ၅၆ ခု၊ အာရှလူငယ်ပြိုင်ပွဲ တွင် ကြေးတစ်ခု၊ ကာယဗလအဖွဲ့က ၁၆ ကြိမ် မြောက် အရှေ့တောင်အာရှပြိုင်ပွဲတွင် ရွှေ ကိုးခု၊ ငွေ ၁၀ ခု၊ ကြေး ၁၀ ခု၊ ၁၀ ကြိမ်မြောက် ကမ္ဘာ့ပြိုင်ပွဲတွင် ငွေနှစ်ခု၊ ကြေးတစ်ခု၊ ကရာ တေးအဖွဲ့က ထိုင်းအလွတ်တန်းပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးတစ်ခု၊ ရှစ်ကြိမ် မြောက် အရှေ့တောင်အာရှပြိုင်ပွဲတွင် ကြေး တစ်ခု၊ အလေးမအဖွဲ့က ထိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ကြေးငါးခု၊ လက်ဝှေ့အဖွဲ့က အပြည် ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

          ထို့အပြင် ဂေါ့ဖ်အဖွဲ့က ပူထရာဖလား ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ CAA Women’s USA ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ၁၈ ကြိမ် မြောက် ထိုင်းလူငယ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ တိုက်ကွမ်ဒိုအဖွဲ့က စင်ကာပူ ဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေသုံးခု၊ ၁၄ ကြိမ်မြောက် အာဆီယံပြိုင်ပွဲတွင် ငွေနှစ်ခု၊ ကြေးငါးခု၊ ဘိလိယက်နှင့် စနူကာအဖွဲ့က အာရှဘိလိယက်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေး တစ်ခု၊ အာရှပတ်လည် စနူကာပြိုင်ပွဲတွင် ကြေးတစ်ခု၊ အာရှစနူကာပြိုင်ပွဲတွင် ကြေး တစ်ခု၊ ကျောင်းသားအားကစားအဖွဲ့က အာ ဆီယံ ကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ ဘတ်စကက်ဘော အသင်းက MWVBC ပြိုင်ပွဲတွင် ကြေးတစ်ခု၊ တရုတ်ဖိတ်ခေါ် ယူ-၄၀ အထက်ပြိုင်ပွဲတွင် ငွေတစ်ခု၊ စကိတ်အသင်းက Rayong Xgames ပြိုင်ပွဲတွင် ရွှေသုံးခု၊ ကြေးငါးခု၊ Dream Program ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊  ခရစ်ကတ်အသင်းက Kartini Cup ပြိုင်ပွဲ တွင် ငွေတစ်ခု၊ ကြက်တောင်အဖွဲ့က President Cup လူငယ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေ တစ်ခု၊  ပိုက်ကျော်ခြင်းအသင်းက အာရှပြိုင်ပွဲ တွင် ငွေနှစ်ခု၊ နပန်းအဖွဲ့က ဆီးဂိမ်းစ်အကြို ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ မြားပစ်အဖွဲ့က အာရှပတ်လည် မြားပစ်ပြိုင် ပွဲတွင် ငွေတစ်ခု၊ စားပွဲတင်တင်းနစ်အဖွဲ့က အရှေ့တောင်အာရှလူငယ်ပြိုင်ပွဲတွင် ကြေး တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent