လန်ဒန်ဒါဘီတွင် စပါး ကွင်းလယ်လူ ဒယ်လီအယ်လီ ပြန်ကစားနိုင်ဖွယ်ရှိ

လန်ဒန်ဒါဘီတွင် စပါး ကွင်းလယ်လူ ဒယ်လီအယ်လီ ပြန်ကစားနိုင်ဖွယ်ရှိ
Photos: The Sun
Photos: The Sun
Published 28 August 2019

ဒယ်လီအယ်လီ (၂၃ နှစ်) သည် ယင်းဒဏ်ရာကြောင့် ယခုရာသီ စပါးအသင်း၏ ပွဲစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိသေးဘဲ အနားယူနေရသည်။ 

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသော စပါး ကွင်းလယ်လူ ဒယ်လီအယ်လီသည်  ယခုတနင်္ဂနွေနေ့တွင် ကစားမည့် လန်ဒန်ဒါဘီပွဲစဉ် အာဆင်နယ် - စပါး ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။ 

ဒယ်လီအယ်လီ (၂၃ နှစ်) သည် ယင်းဒဏ်ရာကြောင့် ယခုရာသီ စပါးအသင်း၏ ပွဲစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိသေးဘဲ အနားယူနေရသည်။ 

၎င်းအနေဖြင့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင် ပြန်လည်ပါဝင်နေပြီး ယင်းပွဲအမီ ကြံ့ခိုင်မှုပြည့်ဝနိုင်ကြောင်း Telegraph  သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent