နာပိုလီနှင့်ပွဲစဉ်တွင် အဆုတ်ရောင်ရောဂါခံစားနေရသည့်ဂျူဗင်တပ်စ်နည်းပြ ဆာရီ  ကွင်းအတွင်းပြန်လည်ကြီးကြပ်မည်

နာပိုလီနှင့်ပွဲစဉ်တွင် အဆုတ်ရောင်ရောဂါခံစားနေရသည့်ဂျူဗင်တပ်စ်နည်းပြ ဆာရီ  ကွင်းအတွင်းပြန်လည်ကြီးကြပ်မည်
Photos: juventus Facebook
Photos: juventus Facebook
Published 28 August 2019

ဆာရီသည် အဆုတ်ရောင်ရောဂါ ခံစားနေရသဖြင့် ဂျူဗင်တပ်စ်အသင်း၏ ရာသီအစပွဲစဉ် (၂)ပွဲကို လွဲချော်မည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ယခုအနည်းငယ်သက်သာလာကာ လာမည့်နာပိုလီ အသင်းနှင့် ပွဲတွင် ဂျူဗင်တပ်စ်အသင်းကို ကွင်းအတွင်း ပြန်လည်ကြီးကြပ်သွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

၂၀၁၉-၂၀ ဘောလုံးရာသီစီးရီးအေပြိုင်ပွဲမစတင်မီ ရက်ပိုင်းအလိုတွင် အဆုတ်ရောင်ရောဂါခံစားခဲ့ရသဖြင့် ကုသမှုများခံယူနေရသည့် ဂျူဗင်တပ်စ် အသင်းနည်းပြဆာရီသည် လာမည့်စနေနေ့၌ကစားမည့် နာပိုလီ အသင်းနှင့် ပွဲစဉ်တွင် အသင်းကိုကွင်းအတွင်းပြန်လည်ကြီးကြပ်သွားဖွယ်ရှိကြောင်း သိရသည်။ 

ဆာရီသည် အဆုတ်ရောင်ရောဂါ ခံစားနေရသဖြင့် ဂျူဗင်တပ်စ်အသင်း၏ ရာသီအစပွဲစဉ် (၂)ပွဲကို လွဲချော်မည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ယခုအနည်းငယ်သက်သာလာကာ လာမည့်နာပိုလီ အသင်းနှင့် ပွဲတွင် ဂျူဗင်တပ်စ်အသင်းကို ကွင်းအတွင်း ပြန်လည်ကြီးကြပ်သွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီသည် အသင်း၏ရာသီကြိုခြေစမ်းပွဲစဉ် တစ်ပွဲဖြစ်သည့် ထရိုင်စတီနာအသင်းနှင့်ပွဲစဉ်၊ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်သည့်  ပါးမားအသင်းနှင့်ပွဲစဉ်တို့ကို လွဲချော်ခဲ့သည်။ 

ဆာရီသည် အဆုတ်ရောင်ရောဂါခံစားနေရဆဲဖြစ်သော်လည်း စီးရီးအေချန်ပီယံဆုအတွက် အကြိုတိုက်ပွဲဟုတင်စားရမည့်   ၎င်းနည်းပြခဲ့ဖူးသည့်အသင်းဟောင်း နာပိုလီအသင်းနှင့်ပွဲစဉ်ကို လက်မလွှတ်လိုဘဲ ကွင်းအတွင်းကြီးကြပ်ခွင့်ရရှိရန် ဆန္ဒပြင်းပြလျက်ရှိသည်။ ဆာရီသည်  နာပိုလီအသင်းနှင့်ပွဲစဉ်မတိုင်မီ တစ်ရက်အလို လာမည့်သောကြာနေ့တွင် အဆုတ်ရောင်ရောဂါအရှင်းပျောက်ကင်းစေရန် မျှော်လင့်နေကြောင်း လည်း သိရသည်။ 

ပြီးခဲ့သည့်တနင်္လာနေ့က ဆာရီသည် ဂျူဗင်တပ်စ်အသင်းလေ့ကျင့်ရေးကွင်းသို့  အလည်အပတ်ရောက်ရှိလာခဲ့ပြီး ယင်းသို့ရောက်ရှိလာချိန်၌ ကျန်းမာရေးအခြေအနေကောင်းမွန်သည့်ပုံစံမျိုး မြင်တွေ့ရသည်။ ထို့ပြင် ဆာရီသည် လေ့ကျင့်ရေးကွင်းပြင်ပတွင်ရှိနေသည့် ဂျူဗင်တပ်စ်အသင်းပရိသတ်များနှင့် ဆယ်လ်ဖီရိုက်ကူးခြင်း၊ ပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent