နယူးယောက်ရက်ဘူးလ်နှင့်ပွဲတွင် အနီကတ်ပြသခံခဲ့ရသည့် ဒီစီယူနိုက်တက်တိုက်စစ်မှူး ရွန်နီ ထပ်တိုးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

နယူးယောက်ရက်ဘူးလ်နှင့်ပွဲတွင် အနီကတ်ပြသခံခဲ့ရသည့် ဒီစီယူနိုက်တက်တိုက်စစ်မှူး ရွန်နီ ထပ်တိုးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ
Photos: Getty Images
Photos: Getty Images
Published 28 August 2019

ဒီစီယူနိုက်တက်အသင်းခေါင်းဆောင်  ရွန်နီသည် သြဂုတ်လ (၂၂) ရက်နေ့က ကစားခဲ့သည့် မေဂျာလိဂ်ပွဲစဉ် ဒီစီယူနိုက်တက် (၁-၂) နယူးယောက်ရက်ဘူးလ်ပွဲတွင် နယူးယောက်ရက်ဘူးလ်ကွင်းလယ်လူ ကက်ဆီ ရက်စ်၏လည်ပင်းကို တံတောင်နှင့် တွက်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

မေဂျာလိဂ် (MLS) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် နယူးယောက်ရက်ဘူးလ်နှင့်ပွဲတွင် အနီကတ်အပြခံခဲ့ရသည့် ဒီစီယူနိုက်တက်အသင်းခေါင်းဆောင် ရွန်နီကို ထပ်တိုး (၁) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဒီစီယူနိုက်တက်အသင်းခေါင်းဆောင်  ရွန်နီသည် သြဂုတ်လ (၂၂) ရက်နေ့က ကစားခဲ့သည့် မေဂျာလိဂ်ပွဲစဉ် ဒီစီယူနိုက်တက် (၁-၂) နယူးယောက်ရက်ဘူးလ်ပွဲတွင် နယူးယောက်ရက်ဘူးလ်ကွင်းလယ်လူ ကက်ဆီ ရက်စ်၏လည်ပင်းကို တံတောင်နှင့် တွက်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ရွန်နီအနေဖြင့် တိုက်ရိုက် အနီကတ်အပြခံခဲ့ရသည့်အတွက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ဖီလာဒဲလ်ဖီးယားယူနီယံအသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ပါဝင်ကစားခွင့်မရခဲ့ပေ။ 

ယခုအခါ MLS စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီစီယူနိုက်တက်-နယူးယောက်ရက်ဘူးလ်ပွဲမှ အဖြစ်အပျက်ကို သေချာစစ်ဆေးပြီးနောက် ရွန်နီအား ထပ်တိုး (၁) ပွဲပယ်ပြစ် ဒဏ်ချမှတ်ကြောင်း  ထုတ်ပြန်ကြေညာ ခဲ့သည်။ ထို့ကြောင့် ရွန်နီသည် သြဂုတ်လ (၃၁) ရက်တွင် ကစားမည့် မွန်တာရေးအသင်းနှင့် မေဂျာလိဂ်ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်သည်။ 

အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီသည် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အဲဗာတန်အသင်းမှ ဒီစီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ (၄၉)ပွဲတွင် (၂၅) ဂိုးသွင်းယူထားသည်။ ရွန်နီသည် လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသို့ ကစားသမား-နည်းပြအဖြစ် ပြောင်းရွှေ့မည် ဟု ယခုလအစောပိုင်းက ကြေညာခဲ့သည်။ 

Most Read

Most Recent