Mytel ဆက်သွယ်ရေးအော်ပရေတာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဇော်မင်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

Mytel ဆက်သွယ်ရေးအော်ပရေတာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဇော်မင်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 19 July 2019
မင်းအောင်ခန့်

‘ကျိန်းသေတာကတော့ 5G နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြောနိုင်တာကတော့ Surprise လေးတွေ့မှာပါ’

 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်များကို စတင်ချထားပေးခဲ့ရာမှ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးအော်ပရေတာ လေးခုအထိရှိလာခဲ့ပြီဖြစ်သည်။ ယင်းတို့အနက် နောက်ဆုံးချထားပေးခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာမှာ Mytel ဖြစ်သည်။ အဆိုပါ ဆက်သွယ်ရေးအော်ပရေတာ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး Mytel ဆက်သွယ်ရေး အော်ပရေတာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဇော်မင်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

■ မေး - ပြည်တွင်းစျေးကွက်မှာ Mytel က စျေးကွက်ဝေစု ဘယ်လောက်ရထားပြီးပြီလဲ။

ဖြေ- လောလောဆယ် ကျွန်တော့်ဆီမှာ customer က ၁၅ သန်းလောက်ရှိတယ်။ ၁၅ သန်းလောက် ရှိတယ်ဆိုတော့ ကျွန်တော် အနီးစပ်ဆုံးပြောရင်တော့ ၁၅ ရာခိုင်နှုန်းလောက် ရသွားပြီလို့ ယူဆတယ်။

 

■ မေး - Mytel အနေနဲ့ Telecom အနေနဲ့ ဘယ်လောက် ထပ်မံရင်းနှီးမြှုပ်နှံဖို့ရှိလဲ။

ဖြေ- ထပ်မံမြှုပ်နှံဖို့က ကျွန်တော်တို့ကတော့ အခု တစ်ဘီလျံကျော်သွားပြီပေါ့။ ကျွန်တော်တို့ မြှုပ်နှံထားတာ။ နောက်ထပ်လည်း ထပ်မြှုပ်နှံဖို့ရှိတယ်။ ကြားထဲမှာ အစိုးရအနေနဲ့  spectrum တွေဘာတွေ ထပ်ပြီးတော့ပေးခဲ့ မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အရင်တုန်းက မှန်းထားတဲ့အတိုင်း နှစ်ဘီလျံလောက် ရောက်သွားမှာပဲ။ အဲဒါက ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့ နောက်လာမယ့် Spectrum တွေရှိတယ်။ အဲဒါတွေကိုဘယ် လောက်စျေးနှုန်းနဲ့ ဖြတ်မလဲပေါ့။ အဲဒီပေါ်မှာမူတည်ပြီး ရင်းနှီးမြှုပ်နှံမှု များသွားမယ်။ ဒါပေမဲ့ ခန့်မှန်းခြေကတော့ နောက်ထပ်တော့ ကျွန်တော်မှန်းတာကတော့ အနည်းဆုံး ၈၀၀ မီလျံလောက်ကတော့ ထပ်သွား မယ့်ပုံမှာရှိတယ်ဆိုတော့ နှစ်ဘီလျံလောက်တော့ သွားလိမ့်မယ်။ ကျွန်တော်ထင်တာကတော့ နောက်ထပ် နှစ်နှစ် သုံးနှစ်အတွင်းမှာ နှစ်ဘီလျံလောက် ရောက်သွားလိမ့်မယ်။ အခုကတော့ ၁ ဒသမ ၂  လောက်တော့ ရှိ နေပြီ။နောက်ထပ် နှစ်နှစ် သုံးနှစ်အတွင်းမှာ ၈၀၀ မီလျံလောက်တော့ ထပ်ပြီးတော့ မြှုပ်နှံရမယ့် အနေအထားရှိတယ်။

 

■ မေး- Mytel က Broadbrand အနေနဲ့ရော  တိုးချဲ့ဖို့ရှိလား။

ဖြေ- Broadbrand အနေနဲ့တော့ လောလောဆယ်ကျွန်တော်တို့ကတော့ လုပ်နေတယ်။ ကျွန်တော်တို့ လောလောဆယ် FTTH ပေါ့။ broadband ကို  FTTH အနေနဲ့ ကျွန်တော်တို့ အခုမြို့ကြီးတွေမှာ စပြီးပေးတယ်။လောလောဆယ်တော့ ကျွန်တော်တို့ လက်ထဲမှာ customer ပေါင်း ၆၀၀၀ ကျော်ရနေပြီ။ ကျွန်တော်တို့ ဒါကိုလည်း ကြိုးစားပြီးတော့ လုပ်ဆောင်နေတယ်။ ကျွန်တော်တို့ မှန်းထားတာကတော့ မကြာခင် customer သောင်းကျော်ရမယ်လို့ ယူဆတယ်။ လောလောဆယ်တော့ Fiber သုံးစွဲသူပေါင်း ၆၀၀၀ ကျော်ရှိနေပြီ။ Broadbrand စပြီးတာ ခြောက်လလောက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ မှန်းထားတဲ့ သုံးစွဲသူထက် အခုရရှိတဲ့သုံးစွဲသူဦးရေက မြန်တယ်။ အနည်းဆုံး ကျွန်တော်တို့ မှန်းထားတာထက် ရာခိုင်နှုန်း ၄၀ လောက်ပိုပြီး ရတယ်။ ရည်ရွယ်ချက်ကတော့ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ မှန်းထားတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်။ တခြားတိုင်းပြည်တွေလိုပဲ ဒီမှာ မြို့ကြီးတွေမှာအိမ်တွေ အားလုံးနီးပါး  Fiber နဲ့ ချိတ်ဆက်ပြီးတော့  ဒီ Fiber ပေါ်ကနေ တီဗွီကြည့်တာတို့ ဒီကိစ္စတွေ အားလုံးကို ကျွန်တော်တို့ လုပ်သွားချင် တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရည်မှန်းချက်က ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတိုင်းပြည်မှာ အိမ်ထောင်စုပေါင်း ၁၀ မီလျံလောက်ရှိတယ်။ ရွာတွေပါ အကုန် အပါအဝင် ၁၀ မီလျံလောက်ရှိတဲ့ အိမ်ထောင်စု မှာ ကျွန်တော်တို့က နှစ်မီလျံလောက်ပေါ့။ မြို့တွေကြည့်လိုက်မယ်ဆိုရင်ပေါ့၊ နှစ်မီလျံလောက်ရှိတယ်။ တစ်မီလျံလောက် ကျွန်တော်တို့ မှန်းတယ်။ ရည်မှန်းပြီး ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အိမ် မက်ပေါ့။ တကယ် လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲ အဓိကကတော့ ဖိုက်ဘာသွယ်တန်းရတဲ့ right of the way က တကယ့်အခက်အခဲပဲ။ အခုကျွန်တော်တို့ရဲ့ အခက်အခဲကိုလျှော့လိုက်တယ်။ တစ်မီလျံကနေ လျှော့ချလိုက်တယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ လုပ်နေတယ်။

 

■  မေး - မကြာသေးခင်က open singal  ကနေ  Q1 2019 report  ထုတ်ပြန်ထားတယ်။ အဲဒီမှာ Mytel က metrics တော်တော်များများမှာ နေရာယူထားတယ်။ အဓိကက 4G ကွန်ရက်ဖြန့်ကျက်မှုမှာပေါ့။ Mytel ကနောက်မှဝင်လာတဲ့ အော်ပရေတာတစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ဘာလို့ 4G ကွန်ရက်မှာ ဒီလောက်ထိနေရာ ယူလာနိုင်တာလဲ။

ဖြေ - ကျွန်တော်တို့ တခြားလူတွေအမြဲတမ်း ပြောနေတဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင်တော့ နောက်ကျတဲ့အတွက် တချို့ဟာတွေကလည်း ကောင်းတယ်။ တချို့ဟာတွေကလည်း မကောင်းဘူး။ ကောင်းတဲ့အထဲက တစ်ခုပေါ့။ ဒါက ဘာဖြစ်လို့လဲလို့ပြောရရင် ကျွန်တော်တို့ စပြီးဝင်တဲ့အချိန်မှာ ကျွန် တော်တို့က2G နဲ့ 4G ပဲလုပ်တယ်။ ကျွန်တော်တို့ရဲ့တာဝါတိုင်တွေအားလုံးက 2G နဲ့ 4G  ပဲပေးတယ်။ ကျွန်တော်တို့ စပေးခါစတုန်းက တချို့ remote တွေမှာ 2G ပဲပေးတယ်။ ကျွန်တော်တို့ပေးပြီး တစ်လပဲကြာ  တယ်။ 4G မရလို့ Complain တက်တယ်။ အဲဒီတော့ ကျွန်တော်တို့ 4G ပြောင်းတယ်။ ဒီကနေ့ ကျွန်တော်တို့ဆီမှာရှိနေတဲ့ တာဝါတိုင်ပေါင်း ၇၀၀၀ လောက်မှာ အားလုံးက 4G ။ ဘာဖြစ်လို့ ဒီလိုဖြစ်သွားလဲဆိုတော့ တခြားသူတွေတုန်းကတော့ စတုန်းက ကျွန်တော်တို့က မြေပြင်ပေါ့။ ဘာမှမရှိတဲ့ နေရာတွေမှာ တာဝါတိုင်တွေဆောက်ရတယ်။ ကျွန်တော်တို့ဝင်လာတဲ့အချိန်မှာ တာဝါကုမ္ပဏီတွေက ၆၀၀၀၊ ၇၀၀၀ လောက်က အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့ ထပ်ဆောက်တာနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ roll က အရမ်းမြန်သွားတယ်။ ကျွန်တော်တို့ 2G နဲ့ 4G ပဲသုံးထားတော့ ကျွန်တော်တို့ရဲ့ တာဝါတိုင်အားလုံးက အကုန်လုံး 4G ပဲ။ အဲဒီမှာ ကျွန်တော်တို့က စွမ်းဆောင်ရည်မှာ နေရာတိုင်းမှာ 4G ပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကဒီ 4G လွှမ်းခြုံမှုပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်မှာ ကျွန်တော်တို့က အကျယ်ဆုံးပါ။ နောက်ပြီး ကျွန်တော်တို့ တာဝါတိုင်တွေ အကုန်လုံးက 4G။ ကျွန်တော်တို့ မြို့နယ်ပေါင်း ၃၆၀ ကျော်ကို 4G ကွန်ရက်ကောင်းကောင်း လွှမ်းခြုံထားနိုင်တယ်။ တချို့နေရာမျိုးတွေပဲ ကျန်တယ်။ သွားလို့လာလို့မရတဲ့ နေရာနဲ့ နည်းနည်းလေးပြဿနာတွေ တက်နေတဲ့ နေရာတွေ ဒါမျိုးတွေလောက်ပဲရှိမယ်။ ကျန်တဲ့ နေရာအားလုံး 4G ကွန်ရက်ဖြန့်ပြီးသွားပြီ။

 

ကျွန်တော်တို့ကတော့ အခု တစ်ဘီလျံကျော်သွားပြီပေါ့။ ကျွန်တော်တို့ မြှုပ်နှံထားတာ။ နောက်ထပ်လည်း ထပ်မြှုပ်နှံဖို့ရှိတယ်။ ကြားထဲမှာ အစိုးရအနေနဲ့  spectrum တွေဘာတွေ ထပ်ပြီးတော့ပေးခဲ့ မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အရင်တုန်းက မှန်းထားတဲ့အတိုင်း နှစ်ဘီလျံလောက် ရောက်သွားမှာပဲ။ အဲဒါက ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့. . .

 

■ မေး - E-simcard ထုတ်တာကော အောင်မြင်မှုရှိပါသလား။ မေ ၇ ရက်ထိ E-sim ကို စမ်းသပ်ကာလအဖြစ် သတ်မှတ်ထားတယ်ဆိုတော့ အခုချိန်မှာ အသုံးပြုသူ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ ကြည့်မယ်ဆိုရင် E-sim က အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့  နည်းပညာအသစ်ကို ကျွန်တော်တို့က ဒီတိုင်းပြည်မှာ မိတ်ဆက်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ။ ကျွန်တော်တို့ရဲ့ E-sim သုံးစွဲသူ တစ်ထောင်ကျော်ရှိတယ်။ E-sim ဝင်လာတဲ့ အချိန်မှာ E-sim ကို  support လုပ်တဲ့ ဟန်းဆက်သမား တော်တော်များများက E-sim ကို သုံးချင်တာကိုး။ အဲဒီတော့ အဲဒီလူတွေ  တော်တော်များများ ကျွန်တော်တို့ဆီမှာ E-sim ကို ဝယ်တယ်လို့ ယူဆလို့ရတယ်။ တကယ်တော့ E-sim က Premium ဟန်းဆက်ပဲ။ Premium ဟန်းဆက်ဆိုတော့ အကန့်အသတ်ပေါ့။ အဲဒီအကန့်အသတ်အားလုံးက ကျွန်တော်တို့ E-sim ကိုသုံးတယ်လို့ ယူဆရမယ့်ပုံပေါ့။ သုံးစွဲသူ ၁၀၀၀ ကျော်တယ်ဗျ။

 

■ မေး - Pay အက်ပလီကေးရှင်းတွေအများကြီး ထွက်နေတဲ့အခုချိန်မှာ Mytel Pay ထွက်တာ စျေးကွက်အနေနဲ့ နောက်မကျဘူးလား။

ဖြေ - အမှန်အတိုင်း ဝန်ခံရရင်နောက်ကျတယ်လို့ ပြောရမှာပေါ့။ ရှေ့မှာလည်း စျေးကွက်မှာအောင်မြင်နေတဲ့ pay တွေရှိတယ်။ တော်တော်များများ pay တွေရှိနေတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့က လိုက်ရတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့က နောက်ကျတာကိုက ကျွန်တော်တို့အတွက် ကောင်းနေတာကိုး။ ဆိုတော့ ကျွန်တော်ထင်တာကတော့ သိပ်တော့ပြဿနာ မရှိလောက်ဘူး။ ကျွန်တော်တို့အခု marches တွေနဲ့  ချိတ်နေ တယ်။ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေမှာ ကျွန်တော်တို့ Mytel pay နဲ့ ပေးလို့ရတယ်။ ထပ်လာမယ်ပေါ့နော်။ ဒါမျိုးတွေဖြစ်လာမယ်။ လောလောဆယ်တော့ အဓိကက ငွေလွှဲတာပေါ။့ mobile money တွေရဲ့ အဓိကက ငွေလွှဲတာပေါ။့ ကျွန်တော်တို့ ငွေနည်းနည်းလေးတွေ လွှဲတဲ့အခါမှာ ဘဏ်ကိုသွား ကြတယ်။ process  ကလည်း ရှိတယ်။ ငွေလွှဲခလည်းရှိတယ်။ အဲဒီလိုမျိုး ငွေနည်းနည်းနဲ့ လွှဲကြမယ့် လူတွေအတွက် ဘဏ်ကလုပ်ထားတဲ့ အခြေအနေက အဆင်မပြေဘူး။ဆိုတော့ ဒါက mobile money တွေဝင် လာရ တဲ့ အဓိကအကြောင်းရင်းပဲ။

 

■ မေး - Mytel က ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေနဲ့ 4G ကနေ 5G ကွန်ရက်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက်ရှိလား။ ရည်ရွယ်ချက်ရှိရင် ဘယ်လိုတွေ ပြင်ဆင်နေလဲ။

ဖြေ - ရည်ရွယ်ချက်က ကျွန်တော်တို့ အရင်ဆုံးရှိတာ။ စမ်းသပ်လုပ်ဆောင်မှုတွေလည်း ရှိနေတယ်။ စမ်းသပ်လုပ်ဆောင်မှုတွေက  ရရှိလာတဲ့ရလဒ်တွေကိုလည်း အစိုးရကို တင်ပြထားပြီးသွားပြီ။ ကျွန်တော်တို့က surprise လုပ်တတ်တယ်။ ကျိန်းသေတာကတော့5G နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောနိုင်တာကတော့ surprise လေး တွေ့မှာပါ။

 

■ မေး- မြန်မာနိုင်ငံမှာ 5G ကွန်ရက်တိုးတက်လာဖို့အတွက် အော်ပရေတာ တစ်ခုတည်းကြိုးစားလို့မရဘူး။ အစိုးရကလည်း ထောက်ပံ့ပေးဖို့လိုတယ် အစိုးရအနေနဲ့ အော်ပရေတွေကိုထောက်ပံ့ပေးတာ အားရမှုရှိရဲ့လား။

ဖြေ - အများကြီး ထောက်ပံ့ပေးတယ်။ ဘာဖြစ်လို့ ပြောနိုင်လဲဆိုတော့ နိုင်ငံတော်အနေနဲ့ တယ်လီကွန်းလုပ်ငန်းကို သူတို့ထောက်ပံ့ပေးပါတယ်။ လုပ်ရတဲ့ အကြောင်းရင်းလည်း ရှိပါတယ်။ အရှေ့တောင်အာရှမှာနောက်အကျဆုံးကနေပြီးတော့ အမြန်ဆုံးကြီးထွားအောင်လုပ်နိုင်တာ ဒီတစ်ခုပဲရှိပါတယ်။ Refound ဖြစ်ပြီးတဲ့အချိန်ကနေ ဆက်တိုက် ဒီလိုဖြစ်သွားပြီး လက်ရှိအချိန်မှာ အရှေ့ တောင်အာရှမှာ ကျွန်တော်တို့က တော်ရုံတန်ရုံ တိုင်းပြည်ကို ချန်ခဲ့လိုက်ပြီ။ 4G ကွန် ရက်ဖြန့်ကြက်မှုမှာရော နောက်ဒေတာ မြန်နှုန်းရရှိတဲ့အပေါ်မှာရော ကျွန်တော်တို့က ချန်ခဲ့လိုက်ပြီ။ ကျွန်တော် အမြဲတမ်းပြောနေတာ တစ်ခုရှိတယ်။ စျေးနှုန်းပဲ။ စျေးနှုန်းကလည်း နှိုင်းယှဉ်ကြည့်ရင် တခြားတိုင်းပြည်တွေထက် သက်သာတယ်လို့ ပြောလို့ရပါတယ်။                                   

 

Most Read

Most Recent