နေမာကို စွပ်စွဲထားသူအမျိုးသမီးအား အသရေဖျက်မှုဖြင့် ဆော်ပေါ်လိုရဲတပ်ဖွဲ့ တရားစွဲဆို

နေမာကို စွပ်စွဲထားသူအမျိုးသမီးအား အသရေဖျက်မှုဖြင့် ဆော်ပေါ်လိုရဲတပ်ဖွဲ့ တရားစွဲဆို
Photos: Marca,Fox Sports
Photos: Marca,Fox Sports
Published 15 June 2019

မော်ဒယ်လ်တစ်ဦးဖြစ်သည့် နာဂျီလာထရင်ဒါဒီသည် ယခုရက်သတ္တပတ်အတွင်း SBT ရုပ်သံနှင့် အင်တာဗျူးပြုလုပ်စဉ် နေမာ၏ အဓမ္မပြုကျင့်မှုဖြစ်စဉ်အတွက် သက်သေဗီဒီယိုဖိုင်ပါဝင်သည့် Tablet ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား စွပ်စွဲပြောကြားခဲ့သဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

 

ဘရာဇီးလ်နိုင်ငံရှိ ဆော်ပေါ်လိုရဲတပ်ဖွဲ့သည် နေမာ၏ အဓမ္မပြုကျင့်မှုခံရကြောင်း စွပ်စွဲထားသည့်အမျိုးသမီးကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မော်ဒယ်လ်တစ်ဦးဖြစ်သည့် နာဂျီလာထရင်ဒါဒီသည် ယခုရက်သတ္တပတ်အတွင်း SBT ရုပ်သံနှင့် အင်တာဗျူးပြုလုပ်စဉ် နေမာ၏ အဓမ္မပြုကျင့်မှုဖြစ်စဉ်အတွက် သက်သေဗီဒီယိုဖိုင်ပါဝင်သည့် Tablet ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား စွပ်စွဲပြောကြားခဲ့သဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

" သူက ရဲတပ်ဖွဲ့ကို ငွေပေးပြီး ဝယ်လိုက်တာလား။ အဲဒီလိုမဟုတ်ဘူးဆိုရင် ကျွန်မပဲရူးနေတာလား" ဟု ထရင်ဒါဒီက ပြောကြားခဲ့သည်။ သို့ ဖြစ်ရာ ဆော်ပေါ်လိုရဲဌာနက ၎င်းအား အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထရင်ဒါဒီသည် ယင်းအမှုအတွက် ရှေ့နေသုံးဦးနှင့်လမ်းခွဲထားရပြီး နောက်ဆုံးလမ်းခွဲခဲ့သည့် ရှေ့နေ ဒန်နီလိုဂါစီယာဒီအန်ဒရာဒီက ခုနစ်မိနစ် ကြာမြင့်သည့် သက်သေ ဗီဒီယိုဖိုင် ကိုကြည့်ရှု ခွင့်ပြုရန် တောင်းဆိုသော်လည်း ၎င်းက ငြင်းဆန်သဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

အွန်လိုင်း တွင်ပေါက်ကြားခဲ့သည့် စက္ကန့်ပိုင်းသာကြာမြင့်သော ဗီဒီယိုတွင်မူ ၎င်းတို့နှစ်ဦး အပြန်အလှန်တွန်းထိုးနေသည့်ပုံရိပ်များ မြင်တွေ့ရကြောင်း သိရသည်။ နေမာသည် ဇွန် ၁၃ ရက်က ယင်းဖြစ်ရပ်အတွက် ဆော်ပေါ်လိုရဲ ဌာန၌ ငါးနာရီကြာ စစ်ဆေးမှုခံယူခဲ့သည်။

 

Most Read

Most Recent