တိုရွန်တိုရက်ပ်တာအသင်း NBA ချန်ပီယံဆုရရှိသည့် ပထမဆုံး ကနေဒါကလပ်ဖြစ်လာ

တိုရွန်တိုရက်ပ်တာအသင်း NBA ချန်ပီယံဆုရရှိသည့် ပထမဆုံး ကနေဒါကလပ်ဖြစ်လာ
Photos: AFP
Photos: AFP
Published 15 June 2019

NBA Finals ပြိုင်ပွဲ၏ ခြောက်ပွဲမြောက် ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇွန် ၁၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားရာ အရှေ့ပိုင်းဇုန်ချန်ပီယံ တိုရွန်တိုရက်ပ်တာအသင်းက အနောက်ပိုင်းဇုန်ချန်ပီယံ ဂိုးလ်ဒင်းစတိတ်ဝါရီယာ အသင်းကို အဝေးကွင်း၌ (၁၁၄-၁၁၀) မှတ် ဖြင့် အနိုင်ရခဲ့သည်။

 

၂၀၁၉ ခုနှစ် NBA Finals ပြိုင်ပွဲတွင် တိုရွန်တိုရက်ပ်တာအသင်းက နှစ်ကြိမ်ဆက်ချန်ပီယံ ဂိုးလ်ဒင်းစတိတ်ဝါရီယာ အသင်းကို လက်ကျန်တစ်ပွဲအလိုတွင် (၄-၂) ပွဲဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံဆု ဆွတ်ခူးရယူနိုင် ခဲ့ကြောင်း သိရသည်။

NBA Finals ပြိုင်ပွဲ၏ ခြောက်ပွဲမြောက် ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇွန် ၁၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားရာ အရှေ့ပိုင်းဇုန်ချန်ပီယံ တိုရွန်တိုရက်ပ်တာအသင်းက အနောက်ပိုင်းဇုန်ချန်ပီယံ ဂိုးလ်ဒင်းစတိတ်ဝါရီယာ အသင်းကို အဝေးကွင်း၌ (၁၁၄-၁၁၀) မှတ် ဖြင့် အနိုင်ရခဲ့သည်။

နှစ်ကြိမ်ဆက်တိုက်နှင့် နောက်ဆုံးလေးနှစ်တွင် ချန်ပီယံဆုသုံးကြိမ်အထိရရှိထားသည့် ဂိုးလ်ဒင်းစတိတ်ဝါရီယာ အသင်း၌ အားထားရသည့်ကစားသမား ကီဗင်ဒူးရန့်မပါဝင်နိုင်သလို ယခုပွဲတွင် အမှတ် အများဆုံးရယူပေးခဲ့သည့် ကလေးသွမ်ပဆင်လည်း တတိယပိုင်းမပြီးခင် ဒူးဒဏ်ရာရရှိသွားသဖြင့် နစ်နာခဲ့ရသည်။ ထို့ပြင် ပွဲပြီးခါနီး နောက်ဆုံးအချိန်တွင် စတီဖင်ကာရီ၏ သုံးမှတ်တန်ပစ်ချက် လွဲချော်သွားသဖြင့် ဂိုးလ်ဒင်းစတိတ် ၀ါရီယာအသင်း ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

ယခုနှစ် NBA Finals ပြိုင်ပွဲမှာ အမေရိကန်ပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသည့် ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို တိုရွန်တိုရက်ပ်တာအသင်းမှာလည်း ချန်ပီယံဆု ဆွတ်ခူးရယူနိုင်သည့် ပထမဆုံး ကနေဒါ ကလပ်ဖြစ်လာကြောင်း သိရသည်။ ယခုနှစ် ဗိုလ်လုပွဲ၏ တန်ဖိုးအရှိဆုံးကစားသမား (MVP) ဆုကိုချန်ပီယံ တိုရွန်တိုရက်ပ်တာ အသင်းကစားသမား လီယိုနက်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent