ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ဝေဖန်မှုများထွက်ပေါ်နေခြင်းကို UEFA ဥက္ကဋ္ဌ ကာကွယ် ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်း လက်မှတ်ခွဲတမ်းတစ်ဝက်ကျော် ပြန်လည်ပေးအပ်ထား

ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ဝေဖန်မှုများထွက်ပေါ်နေခြင်းကို UEFA ဥက္ကဋ္ဌ ကာကွယ် ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်း လက်မှတ်ခွဲတမ်းတစ်ဝက်ကျော် ပြန်လည်ပေးအပ်ထား
Photos: Getty Images
Photos: Getty Images
Published 26 May 2019

ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေ ၂၉ ရက်တွင် ဘာကူမြို့ရှိ ပရိသတ် ၆၈၇၀၀ ဝင်ဆံ့သည့် အိုလံပစ်အား ကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် လန်ဒန်ကလပ် ချယ်လ်ဆီးနှင့် အာဆင်နယ် အသင်းတို့မှာ မိုင်ပေါင်း ၂၅၀၀ နီးပါး (ကီလိုမီတာ ၄၀၀၀) သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် ယင်းပွဲသို့သွားရောက်ကြည့်ရှု မည့် နှစ်ဖက်အသင်းပရိသတ်များမှာလည်း ခရီးဝေးကွာမှု၊ ကုန်ကျစရိတ် များပြားမှု၊ အချိန်ကြာမြင့်မှု စသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း သိရသည်။

 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖယ်ရင်သည် ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို သွားလာရခက်ခဲသည့် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပရန် ရွေးချယ်ခဲ့ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းကို ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေ ၂၉ ရက်တွင် ဘာကူမြို့ရှိ ပရိသတ် ၆၈၇၀၀ ဝင်ဆံ့သည့် အိုလံပစ်အား ကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် လန်ဒန်ကလပ် ချယ်လ်ဆီးနှင့် အာဆင်နယ် အသင်းတို့မှာ မိုင်ပေါင်း ၂၅၀၀ နီးပါး (ကီလိုမီတာ ၄၀၀၀) သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် ယင်းပွဲသို့သွားရောက်ကြည့်ရှု မည့် နှစ်ဖက်အသင်းပရိသတ်များမှာလည်း ခရီးဝေးကွာမှု၊ ကုန်ကျစရိတ် များပြားမှု၊ အချိန်ကြာမြင့်မှု စသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း သိရသည်။

သို့ဖြစ်ရာ အစောပိုင်းတွင် တစ်သင်းလျှင် လက်မှတ်ခွဲတမ်း ၆၀၀၀ သာရရှိသဖြင့် ကန့်ကွက်ဝေဖန်ခဲ့ကြသော်လည်း လက်မှတ်များရောင်းမကုန်သဖြင့် စုစုပေါင်းထက်ဝက်ကျော်အထိ ပြန်လည်ပေးအပ်ထားကြောင်း သိရ သည်။ အာဆင်နယ်အသင်းသည် လက်မှတ်ခွဲတမ်း ၆၀၀၀ အနက် ၂၂၀၀ ကို ပြန်လည်ပေးအပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာမူ ၂၀၀၀ သာ ရောင်းချရသဖြင့် ကျန်လက်မှတ်များကို ပေးအပ်ထားခြင်းဖြစ်သည်။ ယင်းပွဲအ တွက် UEFA အဖွဲ့ဝင် နိုင်ငံများနှင့် စပွန်ဆာကုမ္ပဏီများအတွက် လက်မှတ်များ အခမဲ့ပေး အပ်ထားသော်လည်း ခရီးသွားလာရန် အဆင်မပြေသဖြင့် လာရောက် ကြည့်ရှုနိုင်ခြင်းမရှိကြောင်း သိရသည်။ သို့ဖြစ်ရာ ဘာကူမြို့၌ ဗိုလ် လုပွဲကျင်းပရန် ရွေးချယ်ခဲ့သည့် UEFA ၏ ဆုံးဖြတ်ချက်ကို ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းအပါအဝင် ပရိသတ်များက ပြင်းထန်စွာ ဝေဖန်လျက်ရှိရာ UEFA ဥက္ကဋ္ဌ ဆယ်ဖယ်ရင်ကာ ကာကွယ်ပြော ကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဘာကူကိုရွေးချယ်ရတာ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာ ရှိနေတဲ့သူတွေကလည်း ဘောလုံးအားကစားကို ချစ်မြတ်နိုးလို့ပါ။ လူ့အခွင့်အရေးအခြေအနေတွေက ပြဿနာဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တခြားဥရော ပနိုင်ငံတွေမှာလည်း ဒီပြဿနာက ရင်ဆိုင်နေရတာပါပဲ။ ဒီပြဿနာတွေကြောင့် ဘာကူမြို့မှာရှိတဲ့ပရိသတ် တွေက ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရှုခွင့်ရဖို့ မထိုက်တန်တော့ဘူးလား" ဟု ဆယ်ဖယ်ရင်က ဂျာမ နီနိုင်ငံထုတ် Der Spiegel မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အာဆင်နယ်အသင်း၏ အာမေးနီးယားကွင်းလယ်လူ မစ်ခီတာရီယန်က လုံခြုံရေးစိတ်မချသဖြင့် ယင်းပွဲသို့ လိုက်ပါကစားရန် ငြင်းဆန်ခဲ့ခြင်း နှင့်ပတ်သက်၍ ဆယ်ဖယ်ရင်က " အဇာဘိုင်ဂျန်အာဏာပိုင်တွေက ကစားသမားရဲ့လုံခြုံရေးအတွက် အာမခံချက် ပေးထားပြီးသားပါ။ ဘောလုံးအားကစားအနေနဲ့ ဒီလို အခြေအနေမျိုးကို ကိုယ်တိုင်တားမြစ်ပိတ်ပင်နေရင် အနာဂတ်မှာ ဘာပြိုင်ပွဲမှ ကျင်းပလို့ရမှာ မဟုတ်ပါဘူး။ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပြင်သစ်မှာတောင် ယူရို-၂၀၁၆ ပြိုင်ပွဲ ကျင်းပခဲ့သေးတာပါပဲ" ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

 

Most Read

Most Recent