လူရွေးပွဲတွင် အာရှချန်ပီယံ နေသွေးဦး အပါအဝင် အောင်ဌေး၊ မင်းစည်သူထွန်း၊ ချစ်ကိုကိုနှင့် ပေါက်စတို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ကစားသမားလေးဦး ရွေးချယ်မည်ဖြစ်သည်။ လူရွေးပွဲကို မေ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အကြိမ် (၃၀) မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဘိလိယက် လူရွေးပွဲတွင် ကစားသမားငါးဦး ဝင်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။
လူရွေးပွဲတွင် အာရှချန်ပီယံ နေသွေးဦး အပါအဝင် အောင်ဌေး၊ မင်းစည်သူထွန်း၊ ချစ်ကိုကိုနှင့် ပေါက်စတို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ကစားသမားလေးဦး ရွေးချယ်မည်ဖြစ်သည်။ လူရွေးပွဲကို မေ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည်။
"လူရွေးပွဲမှာ ကစားသမားငါးဦး ယှဉ်ပြိုင်နေပါတယ်။ လေးဦးရွေးချယ်မှာပါ။ လူရွေးပွဲပြီးရင် ကျွန်တော်တိို့ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေးရှိပါတယ်။ ဘယ်သူ့ကိုရွေးချယ်မယ်။ ဘယ်လိုကြောင့် ရွေးချယ်တယ်ဆိုတာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စနူကာလူရွေးပွဲကို မေလဒုတိယပတ်တွင် ကျင်းပပြီးနောက် ဘိလိယက် လူရွေးပွဲ ထပ်မံကျင်းပနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး ဧပြီနောက်ဆုံးပတ်က ကျင်းပသည့် ၂၀၁၉ အာရှဘိလိယက် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦးက နာမည်ကြီးကစားသမားများကို ကျော်ဖြတ်ကာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။
၂၀၁၉ ကမ္ဘာ့ ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကို စက်တင်ဘာတွင် မန္တလေးမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။