ယခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေ ၂၆ ရက်မှ ဇွန် ၉ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ကျင်းပမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ မြေစေးကွင်းဘုရင်အဖြစ် သတ်မှတ်ခံထားရသည့် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ် နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ကမ္ဘာ့အဆင့် (၁) ကစားသမားဟောင်းဖြစ်သည့် ရိုမေးနီးယားနိုင်ငံသူ ဟာလပ်ဖြစ်သည်။
၂၀၁၉ ခုနှစ် တင်းနစ်ရာသီအတွက် ဒုတိယမြောက် ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေ ၂၆ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေ ၂၆ ရက်မှ ဇွန် ၉ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ကျင်းပမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ မြေစေးကွင်းဘုရင်အဖြစ် သတ်မှတ်ခံထားရသည့် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ် နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ကမ္ဘာ့အဆင့် (၁) ကစားသမားဟောင်းဖြစ်သည့် ရိုမေးနီးယားနိုင်ငံသူ ဟာလပ်ဖြစ်သည်။
ပြိုင်ပွဲအတွက် နိုင်ခြေအဆင့် (ဆီဒင်) သတ်မှတ်ချက်များကို ကမ္ဘာ့အဆင့် ရပ်တည်မှုအလိုက် သတ်မှတ်ပေးထားပြီး အမျိုးသားပြိုင်ပွဲ၌ လက်ရှိကမ္ဘာ့အဆင့် (၁) ဆားဘီးယားကစားသမား ဂျိုကိုဗစ်နှင့် အမျိုး သမီးပြိုင်ပွဲ ၌ ဂျပန်နိုင်ငံသူ အိုဆာကာတို့ ဆီဒင် ၁ ရရှိထားသည်။ ပြိုင်ပွဲမစတင်မီ အလေးပေးမှုများအရ ယခုပြိုင်ပွဲတွင် စံချိန်တင်အဖြစ် ချန်ပီယံဆု ၁၁ ကြိမ်ရရှိထားသည့် ရာဖေးလ်နဒါးလ်က ချန်ပီယံဖလား ထပ်မံရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေပြီး ဂျိုကိုဗစ်က ဒုတိယ၊ ဒိုမီနစ်ထင်းမ် (သြစတြီးယား) နှင့် ဆစ်ဆီပက်စ် (ဂရိ) တို့က ၀ါရင့်ကစားသမား ရော်ဂျာဖက်ဒါရာကိုကျော်၍ တတိယ နှင့် စတုတ္ထနေရာ ရပ်တည်နေသည်။
အမျိုးသမီးပြိုင်ပွဲတွင် ဟာလပ်က ရေပန်းအစားဆုံး ဖြစ်နေပြီး ၎င်း၏နောက်တွင် ဘာတန် (နယ်သာလန်)နှင့် အိုဆာကာတို့ ရပ်တည်လျက်ရှိသည်။
ယခုနှစ်အတွက် ဆုကြေးများကို ထပ်မံ တိုးမြှင့်ထားပြီး ချန်ပီယံဆု ရရှိသူများမှာ ယူရို ၂.၃ သန်းစီ ဆွတ်ခူးရရှိမည်ဖြစ်သည်။