နည်းပြ တူဟယ်လ်အား ၂၀၂၁ ခုနှစ်အထိ PSG အသင်း စာချုပ်သစ်ချုပ်ဆို

နည်းပြ တူဟယ်လ်အား ၂၀၂၁ ခုနှစ်အထိ PSG အသင်း စာချုပ်သစ်ချုပ်ဆို
Photo: Getty Images
Photo: Getty Images
Published 25 May 2019

PSG အသင်းသည် အသင်းနည်းပြ တူဟယ်လ်အား ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း မေလ (၂၅) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ 

PSG အသင်းသည် အသင်းနည်းပြ တူဟယ်လ်အား ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း မေလ (၂၅) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ 

တူဟယ်လ်သည် PSG အသင်းကို ၂၀၁၈ ခုနှစ်၊ မေလက စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုရာသီတွင် လီဂူးချန်ပီယံဆုနှင့် ပြင်သစ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းကို ရှုံးနိမ့်ကာ ရှုံးထွက် (၁၆) သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် အသင်းနည်းပြရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် PSG အသင်းသည် တူဟယ်လ်အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း စာချုပ်သစ်ချုပ်ဆိုကာ သက်သေပြခဲ့ခြင်းဖြစ်သည်။   အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း တူဟယ်လ်က အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

တူဟယ်လ်က "PSG အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်ပေးခဲ့တဲ့ အသင်းဥက္ကဋ္ဌအပါအဝင် အသင်းနဲ့ပတ်သက်သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ အစွမ်းကုန်ကြိုးစားပြီး အသင်းကို ထိပ်တန်းအဆင့်ရောက်အောင် စွမ်းဆောင်ပေးသွားမှာပါ။ ကျွန်တော့်အပေါ် ထောက်ခံအားပေးခဲ့ကြတဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ PSG အသင်း အများကြီး ပိုကောင်းလာဦးမှာပါ"ဟု ပြောကြားခဲ့သည်။

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း တူဟယ်လ်မှာ အသင်းအတွက် အလွန်သင့်တော်သည့် နည်းပြတစ်ဦးဖြစ်ကြောင်းနှင့် တူဟယ်လ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent