ယိုဗစ်အား ပေါင်(၅၂.၄)သန်းဖြင့် ရီးယဲလ်အသင်း ခေါ်ယူနိုင်ခဲ့ပြီဟု သတင်းထွက်

ယိုဗစ်အား ပေါင်(၅၂.၄)သန်းဖြင့် ရီးယဲလ်အသင်း ခေါ်ယူနိုင်ခဲ့ပြီဟု သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 17 May 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် ဖရန့်ဖတ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်အား ပေါင်(၅၂.၄)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ဖရန့်ဖတ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်အား ပေါင်(၅၂.၄)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။ 

အသက်(၂၁)နှစ်အရွယ်ရှိ ယိုဗစ်အား ရီးယဲလ်မက်ဒရစ်အသင်းက (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လစာ ပေါင်(၈.၇)သန်းရရှိမည်ဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

ဖရန့်ဖတ်အသင်းအနေဖြင့် ယိုဗစ်၏ပြောင်းရွှေ့ကြေးမှ ပေါင်(၁၀.၅)သန်းကို အသင်းဟောင်း ဘင်ဖီကာသို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ 

ဖရန့်ဖတ်အသင်းသည် ၂၀၁၇ ခုနှစ်တွင် ယိုဗစ်ကို (၂) ရာသီအငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းစာချုပ်တွင် အပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဖရန့်ဖတ်အသင်းသည် ပြီးခဲ့သည့် ဧပြီလက ဘင်ဖီကာအသင်းကို ပေါင် (၁၀) သန်းကျော်ဖြင့် အပြီးသတ်ခေါ်ယူကာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယိုဗစ်သည် ယခုရာသီတွင် ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ (၄၇)ပွဲကစားရာ၌ (၂၇)ဂိုးအထိ သွင်းယူထားသည်။

Most Read

Most Recent