ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက ကစားသမားသစ်ခေါ်ယူမှုများအတွက် အာဆင်နယ် သုံးစွဲငွေပိုမိုရရှိမည်

ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက ကစားသမားသစ်ခေါ်ယူမှုများအတွက် အာဆင်နယ် သုံးစွဲငွေပိုမိုရရှိမည်
Photos: AFP
Photos: AFP
Published 15 May 2019

 

အာဆင်နယ်အသင်းသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့ပါက  လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုများအတွက် သုံးစွဲငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း  သိရှိရသည်။

ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက အသင်းအနေဖြင့် စုစုပေါင်း ဆုကြေးငွေ ပေါင်(၅၁)သန်းကျော် ရရှိမည်ဖြစ်သဖြင့် အသင်းတာဝန်ရှိသူများသည် နည်းပြ အူနိုင်းအမ်မရီအား နွေရာသီ ကစားသမားသစ်ခေါ်ယူမှုအတွက် ငွေကြေးပိုမိုပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် မူလက အူနိုင်းအမ်မရီအား နွေရာသီသုံးစွဲငွေအဖြစ် ပေါင်သန်း(၇၀)ခန့်သာခွင့်ပြုထားပြီး ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက နောက်ထပ် ပေါင်သန်း(၅၀)အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent