လာလီဂါအဖွဲ့ချုပ် (LFP) ဥက္ကဋ္ဌ တီဘက်စ်က မက်ဆီမှာ လာလီဂါပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံးကစားသမားဖြစ်သည်ဟု ချီးကျူးခဲ့သည်။
လာလီဂါအဖွဲ့ချုပ်သည် မေလ (၁၄) ရက်က လာလီဂါပြိုင်ပွဲတည်ထောင်မှု နှစ်(၉၀) ပြည့်ပွဲကို ကျင်းပခဲ့ပြီး စပိန်ဘောလုံးလောကအတွက် အကျိုးပြုခဲ့သူအချို့ကို ဆုများချီးမြှင့်ခဲ့သည်။ မက်ဆီသည် ဆုရသူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယင်းပွဲကို တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။\
သို့သော် တီဘက်စ်က မက်ဆီကို ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။ တီဘက်စ် က " မက်ဆီဟာ လာလီဂါသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ သူ့အနေနဲ့ တစ်သက်တာအကောင်းဆုံးဆုကို ရသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မက်ဆီလို ကစားသမားမျိုး နောက်ထပ်ဘယ်တော့မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။