မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား အခမဲ့သယ်ဆောင်ပေးလျက်ရှိရာ စင်ကာပူမှ လှူဒါန်းသည့် အဝတ်ထည်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အခမဲ့သယ်ဆောင်ပေးခဲ့

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား အခမဲ့သယ်ဆောင်ပေးလျက်ရှိရာ စင်ကာပူမှ လှူဒါန်းသည့် အဝတ်ထည်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အခမဲ့သယ်ဆောင်ပေးခဲ့
Published 16 September 2024

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား ပြည်တွင်း ပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးနေရာ စင်ကာပူနိုင်ငံမှ လှူဒါန်းသည့် အဝတ်ထည်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို စက်တင်ဘာ ၁၄၊ ၁၅၊ ၁၆ရက်များတွင် အခမဲ့ သယ်ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ခရီးစဉ်အား Boeing 737-800 NG လေယာဉ်များဖြင့် နေ့စဉ်ပျံသန်း နေခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်နေ့မှစတင်ကာ နိုင်ငံတော်ပိုင်လေကြောင်းလိုင်းအဖြစ် ပျံသန်းခဲ့ရာ ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၆နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ ထာဝရ ဆေးပဒေသာပင် လှူဒါန်းခြင်း၊ မြန်မာအမျိုးသားလေကြောင်းဝန်ထမ်းများမှ အမျိုးသားသွေးလှူဘဏ်သို့ သွေးလှူဒါန်းခြင်း၊ စက်တင်ဘာ ၁၅ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်များတွင် လိုက်ပါကြသည့် ခရီးသည်များကို လက်မှတ်များ ကံစမ်းမဲဖောက်ပေးခြင်း၊ ၇၆နှစ်ပြည့် အမှတ်အသားပါသော ကိတ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းတို့ဖြင့် ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း သိရ သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့များတွင် ပျံသန်းနေပြီးခရီးစဉ် တစ်ကြောင်းလျှင် ၂၃၅ဝဝဝကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်တွင် Baggage Allowance, 7kg Hand Carry Allowance, Snack Bos ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အချက်အလက်များ စုံစမ်းမေးမြန်းခြင်းနှင့် လေယာဉ်လက်မှတ်ဝယ်ယူခြင်းများအတွက် MNA Call Centre  01-377840-377841-2,01-378603-4-6-7-8 တို့ကို ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည့် MNA website www.flymna.com နှင့် MNA Mobile Application တွင် လည်းကောင်း အသုံးပြုပြီး လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။                        

ယင်းပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသား လေကြောင်းရုံးချုပ်ဖြစ်သော အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ မြန်မာနိုင်ငံအဝန်းရှိ မြန်မာအမျိုးသားလေကြောင်း ဌာနခွဲများနှင့် မြန်မာအမျိုးသားလေကြောင်း လိုင်း၏ authorised sales agent  များတွင်လည်း ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း ပြည်ပခရီးစဉ်လက်မှတ်များကို Visa Card ဖြင့်ဝယ်ယူပါက ၁ဝရာ ခိုင်နှုန်း လျှော့စျေးရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent