ကိုလံဘီယာနှင့်ပွဲမှာ ဆယ်စုနှစ်အတွင်း အကြီးကျယ်ဆုံးရှုံးထွက်ပွဲဖြစ်လာမည်ဟု ဆောက်ဂိတ် သုံးသပ်

ကိုလံဘီယာနှင့်ပွဲမှာ ဆယ်စုနှစ်အတွင်း အကြီးကျယ်ဆုံးရှုံးထွက်ပွဲဖြစ်လာမည်ဟု ဆောက်ဂိတ် သုံးသပ်
Published 30 June 2018

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် က ၁၆ သင်း ရှုံးထွက်အဆင့်၌ ယှဉ်ပြိုင်ကစား ရမည့် ကိုလံဘီယာအသင်းနှင့်ပွဲမှာ ဆယ်စု နှစ်တစ်ခုအတွင်း အကြီးကျယ်ဆုံးရှုံးထွက်ပွဲ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

အင်္ဂလန်အသင်းသည် အုပ်စုနောက်ဆုံး ပွဲအဖြစ် ဇွန် ၂၈ ရက် ညပိုင်းက ဘယ်လ်ဂျီယံ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာရရှိပြီး ၁၆ သင်းအဆင့်တွင် ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းပွဲတွင် နှစ်သင်းစလုံးသည် အုပ်စုဒုတိယနေရာရရှိ ရေးကိုသာ ဦးတည်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အရန်ကစားသမားအများစုကိုသာ အသုံးပြု ရာ အင်္ဂလန်အသင်း၏ ပွဲထွက်စာရင်းမှာ ပျမ်းမျှအသက် ၂၅ နှစ် ၂၅၁ ရက်သာရှိပြီး အဓိကပြိုင်ပွဲများ၌ ဒုတိယမြောက် အသက် အငယ်ဆုံးလူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

ပွဲအပြီးတွင် ဆောက်ဂိတ်က ''ရင်ခုန်စရာကောင်းတဲ့ ရှုံးထွက်ပွဲအတွက် ပြင်ဆင်ရ တော့မှာပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ခွင့် ရဖို့ဖြစ်လို့ တစ်ခုတော့ပြီးမြောက်ခဲ့ပါပြီ။ ဒီပွဲ မှာ အနိုင်ရချင်ပေမဲ့ ရှုံးထွက်ပွဲက ဆယ်စုနှစ် တစ်ခုအတွင်း အကောင်းဆုံးပွဲဖြစ်လာမှာပါ။ ဒါကြောင့် အဓိကကစားသမားတွေကို အနား ပေးထားဖို့ လိုအပ်ပြီး ပွဲထွက်ခွင့်ရသူတွေက လည်း အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ ပရိ သတ်တွေနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲစဉ်လမ်းကြောင်းက အခွင့်အရေးဖြစ်စေမလား၊ မဖြစ်ဘူးလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး''ဟု ပြောကြားသည်။

ဘယ်လ်ဂျီယံမှာမူ အုပ်စုပထမရရှိသဖြင့် ကျပ်တည်းသည့်လမ်းကြောင်းသို့ ရောက်ရှိသွားသည်။

Most Read

Most Recent