ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 June 2018

Photo:AFP

သြစတြေးလျ နှင့် ပီရူး (မြန်မာစံတော်ချိန် အင်္ဂါည ၈း၃၀ နာရီ)

ပီရူးက ပိုကောင်းတဲ့အသင်းဖြစ်ပြီး သြစတြေးလျက ခံကစားနိုင်ပါတယ်။ ကြံ့ခိုင်ပြီး တည်ငြိမ်တဲ့ကစားဟန်ရှိတယ်။ ပီရူးကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်လို့ရတဲ့အသင်းပါ။ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ တိုက်စစ်ကစားပုံမှာ ပီရူးသာပေမယ့် သရေပဲကျသွားပါလိမ့်မယ်။

ဒိန်းမတ် နှင့် ပြင်သစ် (မြန်မာစံတော်ချိန် အင်္ဂါည ၈း၃၀ နာရီ)

ပြင်သစ်က သရေတစ်မှတ်ရတာနဲ့ အုပ်စုဗိုလ်ဖြစ်ပါပြီ။ လက်ရှိ ခြေစွမ်းအရတော့ သိပ်မကွာကြဘူး။ ဒိန်းမတ်ကလည်း ပြင်သစ်လိုပဲ ပုံစံကောင်းပြနေတာတွေ့ရတယ်။ တစ်ခုရှိတာက အဲရစ်ဆင်မလှုပ်နိုင်ရင် ဒိန်းမတ်ရပ်သွားနိုင်ပြီး သူ့ကို ကွန်တေက ချုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ပြင်သစ်ကိုကြိုက်တယ်။

နိုင်ဂျီးရီးယား နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် ဗုဒ္ခ္ဓဟူးနံနက် ၀၀း၃၀ နာရီ)

အာဂျင်တီးနားက သေရေးရှင်ရေးအခြေအနေရောက်သွားပြီ။ အိုက်စလန်နဲ့ပွဲမှာ မျှော်လင့်ထားတယ်။ ဒါပေမဲ့ သရေကျတယ်။ ခရိုအေးရှားနဲ့ပွဲမှာတော့ ပြန်လာမှာပဲလို့ ယူဆခဲ့သူတွေရှိပေမယ့် တကယ်တမ်းတော့ ဂိုးပြတ်ရှုံးခဲ့တယ်။ အာဂျင်တီးနားက ပြန်လာနိုင်တယ်လို့ ယုံကြည်လို့မရတဲ့အသင်းဖြစ်သွားပြီ။ ဒီအသင်းက ခြေစွမ်းပိုင်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းပါ အားနည်းနေတာ။ အရမ်းဖိအားများတဲ့ပွဲမှာ ဖိအားတွေကို တွန်းလှန်ပြီး နိုင်ပွဲရှာမယ်ဆိုတာ ယုံကြည်လို့မရတဲ့ အခြေအနေဖြစ်နေ တယ်။ တကယ်လို့သာ နိုင်ဂျီးရီးယားက အရမ်းညံ့နေရင်တော့ ခြေညံ့နေရင်တောင် ပြန်လာနိုင်တယ်လို့ မျှော်လင့်လို့ ရချင်ရမယ်။ ဒါပေမဲ့ အခု နိုင်ဂျီးရီးယားရဲ့ ခြေစွမ်းက အိုက်စလန်ကို ကစားသွားတာလည်း အာဂျင်တီးနားထက်သာတယ်။ ခရိုအေးရှားကို ကစားသွားတာလည်း အာဂျင်တီးနားထက် ပိုကောင်းတယ်။ စိတ်ဓာတ်ကောင်းပြီး ဟန်ချက်ညီတယ်။ ရှေ့၊ လယ်၊ နောက် အားကောင်းပြီး တစ်ဦးချင်း အရမ်းကောင်းတဲ့ ကစားသမားတွေက အာဂျင်တီးနားခံစစ်ကို ဒုက္ခပေးနိုင်တယ်။ အထူးသဖြင့် Pacey Player တွေများလို့ အာဂျင်တီးနား အခက်တွေ့နိုင်တယ်။ မက်ဆီက ဒီအသင်းနဲ့ အများကြီးလုပ်ပြနိုင်လိမ့်မယ် မထင်ဘူး။ နိုင်ဂျီးရီးယားကိုပဲ ကြိုက်တယ်။

အိုက်စလန် နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် ဗုဒ္ခ္ဓဟူးနံနက် ၀၀း၃၀ နာရီ)

ခရိုအေးရှားရဲ့ ကစားပုံက တည်ငြိမ်ပြီး ပုံစံကောင်းပြနေတာတွေ့ရတယ်။ အုပ်စုဗိုလ်ဖြစ်ဖို့များနေလို့ အဓိကကစားသမားတချို့ကို အနားပေးထားဖို့ရှိပေမယ့် ခရိုအေးရှားကွင်းလယ် နဲ့ တိုက်စစ်မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ Rhythm အရ ခရိုအေးရှားပဲကြိုက်တယ်။

Most Read

Most Recent