ဆွီဒင်အသင်းနှင့်ပွဲစဉ်တွင် တိုနီကရို့စ်၏ အနိုင်ဂိုးသွင်းအပြီးရန်စအောင်ပွဲခံခဲ့သည့် ဂျာမနီနည်းပြအဖွဲ့ဝင်(၂)ဦးကို ဖီဖာ အရေးယူမည်

ဆွီဒင်အသင်းနှင့်ပွဲစဉ်တွင် တိုနီကရို့စ်၏ အနိုင်ဂိုးသွင်းအပြီးရန်စအောင်ပွဲခံခဲ့သည့် ဂျာမနီနည်းပြအဖွဲ့ဝင်(၂)ဦးကို ဖီဖာ အရေးယူမည်
Published 26 June 2018

Photos:AFP
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) သည် ဆွီဒင်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ဂျာမနီကွင်းလယ်လူ တိုနီ ကရို့စ် နောက်ဆုံးအနိုင်ဂိုးသွင်းခဲ့ပြီး နောက် ဆွီဒင်နည်းပြခုံတန်းဘက်သို့ သွားကာ ရန်စအောင်ပွဲခံခဲ့သည့် နည်း ပြအဖွဲ့ဝင်(၂)ဦးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ကာ အရေးယူသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဂျာမနီအသင်း၏ မီဒီယာတာ ဝန်ခံဖြစ်သူ အားလ်ရစ်ဗွိုက်နှင့် ဂျာ မန်ဘောလုံးအဖွဲ့ချုပ်ဝန်ထမ်းတစ်ဦး ဖြစ်သူ ဂျော့ချ်ဘယ်လူတို့သည် ယင်း ကဲ့သို့ ရန်စအောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ဆွီ ဒင်အသင်းနည်းပြအဖွဲ့နှင့် အရန်ခုံ တန်းမှ ကစားသမားများသည် ရန်ပြု ရန်အတွက် ချက်ချင်းထလာခဲ့ကြရာ အခြေအနေကို အလျင်အမြန်ထိန်း သိမ်းခဲ့ကြရသည်။

ယင်းဖြစ်ရပ်အပေါ်  ဆွီဒင်အသင်းနည်းပြအပါအဝင် အဓိကçကစား သမားများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဆွီဒင်အသင်း၏ တောင်ပံကစားသမား ဖော့စ်ဘတ်ကလည်း စက်ဆုပ်ရွံရှာ ဖွယ်လုပ်ရပ်ဟု ဆိုခဲ့သည်။

ဂျာမနီလက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ယော်ကင်လိုးကမူ ယခု ဖြစ်ရပ်တွင် မိမိပါဝင်ခြင်းမရှိဟု ဆိုခဲ့ ပြီး ဂျာမနီအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ယန်းစ်ဂစ်တနာကလည်း ''ဖြစ် သွားခဲ့တဲ့ဖြစ်ရပ်မှာ နှစ်ဖက်အသင်း က နည်းပြအဖွဲ့ဝင်အချို့ ပါဝင်ခဲ့ပါ တယ်။ နှစ်ဖက်စလုံးရဲ့ အမှားတွေလည်း ပါပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအတွင်းမှာ ကျွန်တော်တို့က တောင်းပန်ခဲ့ပြီး ဒီဖြစ်ရပ်မှာ ထိုးတာ၊ ကန်တာ တွေမပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လို ဖြစ်ဖြစ် ကျွန်တော်တို့မှားပါတယ်။ ဆွီ ဒင်အသင်းဆီကို ကိုယ်စားလှယ်အ ဖွဲ့စေလွှတ်ပြီး တောင်းပန်မှုတွေပြု လုပ်သွားဖို့ စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent