မာနေကစားသည့် (၁၅)ပွဲဆက်တိုက် ဆီနီဂေါအသင်း ရှုံးပွဲမရှိ

မာနေကစားသည့် (၁၅)ပွဲဆက်တိုက် ဆီနီဂေါအသင်း ရှုံးပွဲမရှိ
Published 25 June 2018

 

ဆီနီဂေါအသင်းတောင်ပံတိုက်စစ်သမား မာနေ ဝင်ရောက်ကစားသည့်ပွဲတိုင်း ရှုံးပွဲမရှိသည်မှာ (၁၅)ပွဲဆက်တိုက် ရှိလာပြီဖြစ်ကြောင်း သိရသည်။

မာနေ ဝင်ရောက်ကစားခဲ့သည့် နိုင်ငံတကာပွဲ(၁၅)ပွဲတွင် ဆီနီဂေါအသင်းက (၉)ပွဲနိုင်၊ (၆)ပွဲသရေ မှတ်တမ်းရရှိထားခဲ့သည်။

ယခုပွဲမှာ မာနေသည် ဂျပန်ဂိုးသမား ကာဝါရှီးမား၏ ပုတ်ထုတ်ပုံမသေသပ်မှုမှတစ်ဆင့် မာနေ၏ခြေထောက်နှင့်ထိကာ ဂိုးဝင်သွားခဲ့ခြင်းဖြစသည်။

မာနေသည် နိုင်ငံလက်ရွေးစင်အသင်းနှင့် ၂၀၁၂ ခုနှစ်က စတင်ပွဲဦးထွက်ခဲ့ပြီး (၅၄)ပွဲကစားကာ (၁၅)ဂိုး သွင်းယူခဲ့သည်။

ထူးခြားမှုမှာ မာနေ လက်ရွေးစင်သွင်းဂိုး(၁၅)ဂိုးကို တစ်ပွဲစီ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဆီနီဂေါအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့သူ ဝယ်ဂီမှာလည်း (၁၉)နှစ်၊ (၂၆၃)ရက်ဖြင့် ကမ္ဘာ့ဖလားတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သည့် အာဖရိကကစားသမားဖြစ်လာခဲ့သည်။

ယခင်စံချိန်မှာ ၂၀၀၆ ကမ္ဘာ့ဖလားတွင် ဂါနာကစားသမား ဟီမီနူက အမေရိကန်ဘက်သို့ ဂိုးသွင်းယူပြီး (၂၀)နှစ်၊ (၈၂)ရက်ဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent