ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အာရှဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟွန်ဒါ စံချိန်တင်

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အာရှဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟွန်ဒါ စံချိန်တင်
Published 25 June 2018

Photo:AFP

ဂျပန်အသင်း၏တိုက်စစ်ကစားသမား ဟွန်ဒါသည် ဆီနီဂေါနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့်ချေပဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် အာရှကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည်။

ဟွန်ဒါမှာ ယင်းပွဲ၏(၇၂)မိနစ်တွင် ကာဂါဝါအစား လူစားဝင်ကစားခဲ့ပြီး (၆)မိနစ်အကြာတွင် အသင်းအတွက် ချေပဂိုးကို အီနူအီ၏ဖန်တီးမှုမှတစ်ဆင့် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၃)ကြိမ်မြောက်ဆင်နွှဲနေခြင်းဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဒိန်းမတ်နှင့် ကင်မရွန်း၊ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် အိုင်ဗရီကို့စ်အသင်းများဘက်သို့ တစ်ဂိုးစီသွင်းယူနိုင်ခဲ့သည်။

ဟွန်ဒါသည် ယခုဆီနီဂေါနှင့်ပွဲ ဂိုးမသွင်းမီ တောင်ကိုရီးယားကစားသမားဟောင်းများဖြစ်သည့် အန်ဂျင်းဟွာနှင့် ပက်ဂျီဆန်၊ သြစတြေးလျဝါရင့်တိုက်စစ်မှူး ကာဟေးလ်တို့နှင့်အတူ (၃)ဂိုးစီ တူညီနေခဲ့ခြင်းဖြစ်သည်။

့ကာဟေးလ်မှာ ကမ္ဘာ့ဖလားသွင်းဂိုးပေါင်း (၅)ဂိုးအထိရှိသော်လည်း (၂)ဂိုးသွင်းခဲ့သည့် ၂၀၀၆ ကမ္ဘာ့ဖလားတွင် OFCလက်အောက်မှခြေစစ်ပွဲဝင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent