ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 25 June 2018

 

ဥရုဂွေး နှင့် ရုရှား (မြန်မာစံတော်ချိန် တနင်္လာည ၈း၃၀ နာရီ)

အုပ်စုဗိုလ်လုမယ့်ပွဲဖြစ်ပြီး ဂိုးကွာခြားချက်အရ ရုရှားအသင်းက သရေကစားရုံနဲ့ အုပ်စုဗိုလ်ရမှာဖြစ်တယ်။ လက်ရှိခြေ စွမ်းအရ ရုရှားပိုကောင်းနေပြီး၊ ဥရုဂွေးက စိတ်ပျက်စရာပုံစံတွေ ဆက်တိုက်ပြနေတာ ငြင်းလို့မရဘူး။ ဒါပေမဲ့ ဥရုဂွေးခံစစ်က ရုရှားအတွက် ခက်ခဲမှာသေချာတယ်။ ရုရှားမနိုင်လောက်ပါဘူး။

ဆော်ဒီအာရေဗျ နှင့် အီဂျစ် (မြန်မာစံတော်ချိန် တနင်္လာည ၈း၃၀ နာရီ)

အီဂျစ်က ဆော်ဒီထက်ပိုကောင်းပါတယ်။ နှစ်သင်းစလုံးက နှစ်ပွဲစီ ရှုံးထားကြတဲ့အသင်းတွေဆိုပေမယ့် အီဂျစ်ရဲ့ ကစားပုံက စနစ်ကျပြီး ခံစစ်လည်းမာတယ်။ ဆော်ဒီကတော့ ဒီအုပ်စုမှာအားအနည်းဆုံးအသင်းဖြစ်ပြီး အီဂျစ်ကိုလည်း မရှုံးအောင်အသည်းအသန်ကစားရလိမ့်မယ်။ အီဂျစ်ပဲကြိုက်တယ်။

စပိန် နှင့် မော်ရိုကို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၀၀း၃၀ နာရီ)

မော်ရိုကိုက နှစ်ပွဲရှုံးပြီးပြီ။ ဒီပွဲက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ မော်ရိုကိုရဲ့ တိုက်စစ်ကလည်း အားနည်းလွန်းပြီး ခံစစ်တစ်ခုတည်းနဲ့ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ကစားရသလိုဖြစ်နေတယ်။ စပိန်နဲ့ အဆင့်ချင်းအရမ်းကွာတယ်။ အုပ်စုဗိုလ်နေရာ အတွက် စပိန်ဂိုးပြတ်သွင်းဖို့ ကြိုးစားမှာပါ။

အီရန် နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၀၀း၃၀ နာရီ)

မော်ရိုကိုနဲ့ကစားခဲ့တဲ့ပွဲမှာ အီရန်က ကံကောင်းလို့နိုင်ခဲ့ပေမယ့် စပိန်နဲ့ပွဲမှာတော့ ပိုကောင်းလာတာတွေ့ရတယ်။ ပေါ်တူဂီရဲ့ မော်ရိုကိုနဲ့ပွဲခြေစွမ်းကလည်း အားရစရာမရှိပါဘူး။ ဒီပွဲက ပေါ်တူဂီအတွက်သရေရလဒ်လိုအပ်နေပြီး၊ အီရန်ကတော့ မဖြစ်မနေအနိုင်ရမှဖြစ်မှာပါ။ ဒါပေမဲ့ပေါ်တူဂီပဲ နိုင်ပါလိမ့်မယ်။

 

Most Read

Most Recent