ဘရာဇီးလ်အသင်း လွယ်လွယ်နှင့် နိုင်မည်ဟု ပရိသတ်များထင်နေကြသည်ဟု ကော်တင်ဟို ဆို

ဘရာဇီးလ်အသင်း လွယ်လွယ်နှင့် နိုင်မည်ဟု ပရိသတ်များထင်နေကြသည်ဟု ကော်တင်ဟို ဆို
Published 21 June 2018

 

Photo: Daily Star

ဘရာဇီးလ်အသင်း ကွင်းလယ်လူ ကော်တင်ဟိုက ပရိသတ်များသည် ဘရာဇီးလ်အသင်းအနေဖြင့် ပြိုင်ဘက်များကို လွယ်လွယ်ဖြင့် နိုင်မည်ဟု ထင်နေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ သို့သော် ကော်တင်ဟိုက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်တိုင်းခက်ခဲကြောင်းနှင့် ၎င်းတို့အနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် စိတ်ပူစရာမရှိကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းကို (၁-၁)ဂိုးဖြင့် သရေသာ ကစား နိုင်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေသော်လည်း နောက်တစ်ဆင့်တက်ရန်အတွက် စိတ်ပူစရာ မရှိကြောင်း ကော်တင်ဟိုက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ကော်တင်ဟိုက " ဒီပွဲကတော့ နိုင်ကို နိုင်ရမယ့်ပွဲလို့ ကျွန်တော် မပြောပါဘူး။ ဆွစ်ဇာလန်အသင်း နဲ့ ပွဲပြီးတုန်းကလည်း ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုတယ်လို့သာ ပြောခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေတာကြောင့် ပွဲစဉ်တိုင်းက ဗိုလ်လုပွဲလိုပဲ ခက်ခဲပါတယ်။ အသင်းရဲ့ ရလဒ်အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်းတို့အနေဖြင့် (၁၁၀)ရာခိုင်နှုန်းလောက် ကြိုးစားမှသာ ပွဲများတွင် ရလဒ်ကောင်းမည်ဟု ကော်တင်ဟိုက ပြောကြားခဲ့သည်။ " ပရိ သတ်တော်တော်များများကတော့ ကျွန်တော်တို့က ဘရာဇီးလ်ဖြစ်တာနဲ့ပဲ လွယ်လွယ်နိုင်ပြီး ဂိုးတွေအများကြီး သွင်းယူ နိုင်လိမ့်မယ်လို့ ထင်မြင်ယူဆနေကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းတိုင်းက ပြင်ဆင်ထားကြထားကြတာပါ။ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ပွဲက သက်သေပါပဲ။ ပွဲတွေမှာ ရလဒ်ကောင်းဖို့ (၁၁၀)ရာခိုင်နှုန်း ပေးဆပ်ကစားဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent