ဆီနီဂေါအားရှုံးနိမ့်ခဲ့သည့်အတွက် အသင်းဖော်များကို လီဝန်ဒေါစကီး ပြစ်တင်

ဆီနီဂေါအားရှုံးနိမ့်ခဲ့သည့်အတွက် အသင်းဖော်များကို လီဝန်ဒေါစကီး ပြစ်တင်
Published 21 June 2018

 

Photo: AFP

ပိုလန်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဆီနီဂေါအသင်းအား (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းဖော်များကို ပြစ်တင်ပြောကြားခဲ့ကြောင်း သိရသည်။

ပိုလန်အသင်းသည် အဆိုပါပွဲစဉ်တွင် နောက်တန်းအမှားများကြောင့် ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

လီဝန်ဒေါစကီးက " ဆီနီဂေါက ကျွန်တော်တို့ထက် ပိုပြီး ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲမှာ ရိုးရှင်းတဲ့ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ ဒီလိုလွယ်လွယ်ကူကူ နဲ့ ဂိုးပေးလိုက်ပြီးဆိုရင် အခက်တွေ့ရတော့တာပါပဲ။ အထူးသဖြင့် ဒုတိယဂိုးက မဖြစ်သင့်ပါဘူး။ ပြီးတော့ပေးတဲ့ ဘောလုံးတွေက ရှေ့မရောက်ဘဲ နောက်မှာပဲ ဖြစ်နေတော့ ထိရောက်မှုမရှိခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent