စီရော်နယ်လ်ဒိုနှင့် စကားမပြောတော့ဟု စပိန်ကွင်းလယ်လူအစ္စကို နောက်ပြောင်

စီရော်နယ်လ်ဒိုနှင့် စကားမပြောတော့ဟု စပိန်ကွင်းလယ်လူအစ္စကို နောက်ပြောင်
Published 21 June 2018

 

Photo: AFP

စပိန် (၃-၃) ပေါ်တူဂီ တို့၏ ပွဲစဉ်တွင် စပိန်အသင်းကို ဟက်ထရစ်သွင်းယူခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းဖော် စီရော်နယ်လ်ဒိုကို စကားပြောတော့မည်မဟုတ်ဟု အစ္စကိုက နောက်ပြောင် ပြောဆိုခဲ့သည်။

အဆိုပါပွဲစဉ်တွင် စပိန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် အစ္စကိုက " ကျွန်တော့်ကို စီရော်နယ်လ်ဒိုအကြောင်း လာမပြောနဲ့။ စပိန်နဲ့ ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ စီရော်နယ်လ်ဒိုနဲ့ ကျွန်တော် နောက်ထပ် စကားပြောတော့မှာ မဟုတ်ဘူး" ဟု နောက်ပြောင်ပြောကြားခဲ့သည်။

ထို့ပြင် အစ္စကိုက စီရော်နယ်လ်ဒို၏ ဖရီးကစ်မှတ်တမ်းမှာ ထိပ်တန်းအဆင့် မဟုတ်သော်လည်း ပထမပိုင်းတွင် ရရှိခဲ့သည့် ဂိုး(၂)ဂိုးက ယုံကြည်မှုကို တိုးပွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent