ပေါ့ဘာကို အလွန်သဘောကျကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်း ပြောကြား

ပေါ့ဘာကို အလွန်သဘောကျကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 31 March 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာအသုံးပြုကာ အသင်းကိုအင်အားဖြည့်တင်းမှုများပြုလုပ်မည်ဖြစ်ပြီး ပေါ့ဘာကိုလည်း အသင်းသို့ ခေါ်ယူလိုနေကြောင်းသိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မန်ယူကွင်းလယ်လူ ပေါ့ဘာကို အလွန်သဘောကျကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာအသုံးပြုကာ အသင်းကိုအင်အားဖြည့်တင်းမှုများပြုလုပ်မည်ဖြစ်ပြီး ပေါ့ဘာကိုလည်း အသင်းသို့ ခေါ်ယူလိုနေကြောင်းသိရသည်။ 

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမှ ရီးယဲလ်မက်ဒရစ်အသင်းတွင်ကစားခွင့်ရရေးမှာ ကစားသမားတိုင်း၏ အိပ်မက်ဖြစ်သည်ဟု ဝန်ခံခဲ့ရာ ၄င်း၏ အပြောင်းအရွှေ့သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။

ဇီဒန်းက '' ပေါ့ဘာကို ကျွန်တော်အရမ်းသဘောကျတယ်ဆိုတာ လူတိုင်းသိပါတယ်။ ပေါ့ဘာအကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူဟာ တခြားကစားသမားတွေနဲ့ ကွဲပြားခြားနားပါတယ်။ သူဟာ သူကစားနေတဲ့အသင်းအတွက် အများကြီးအထောက်အပံ့ပေးနိုင်သူပါ။ ပေါ့ဘာဟာ ခံစစ်မှာရော တိုက်စစ်မှာပါ ဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ပေါ့ဘာဟာ ကျွန်တော့်ကစားသမားမဟုတ်ပါဘူး။ သူကမန်ယူအသင်းအတွက် ကစားနေတာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ သူ့ကိုလေးစားမှုအများကြီးရှိပါတယ်။ ပေါ့ဘာကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းကိုကြိုက်ကြောင်း ပြောဆိုထားတာပါ'' ဟုပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ရန်သေချာသလောက်ရှိနေသည့်အတွက် လာမည့်ရာသီတွင် ယူရိုသန်း (၅၀၀)အထိအသုံးပြုကာ ဟာဇက်၊ ဘာပေ၊ ပေါ့ဘာ စသည့်နာမည်ကြီးကစားသမားများကို ခေါ်ယူသွားရန် စီစဉ်နေသည်ဟု စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

Most Read

Most Recent