လာမည့်ရာသီတွင် စပါးအသင်း၌ ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပိုချက်တီနို ပြောကြား

လာမည့်ရာသီတွင် စပါးအသင်း၌ ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပိုချက်တီနို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 30 March 2019

ပိုချက်တီနိုက ဘောလုံးလောကတွင် အပြောင်းအလဲများမှာ အလွန်လျင်မြန်လွန်းပြီး မည်သည့်အရာကိုမှ ယတိပြတ်ပြောဆို၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက ၄င်းအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုကို စိတ်ဝင်စားခဲ့ကြသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်ယူအသင်းတို့မှာ လက်ရှိတွင် ဇီဒန်းနှင် ဆိုးလ်ရှားတို့ကို အမြဲတမ်းနည်းပြများအဖြစ် ခန့်အပ်ခဲ့ပြီး ပိုချက်တီနိုနှင့် သတင်းများကို အဆုံးသတ်ခဲ့ကြသည်။

ပိုချက်တီနိုက ဘောလုံးလောကတွင် အပြောင်းအလဲများမှာ အလွန်လျင်မြန်လွန်းပြီး မည်သည့်အရာကိုမှ ယတိပြတ်ပြောဆို၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုက ''စပါးအသင်းမှာ ကျွန်တော်ဆက်ရှိမယ်၊ မရှိဘူးဆိုတာက ကျွန်တော်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါက အသင်းဥက္ကဋ္ဌ လီဗိုင်းဆုံးဖြတ်ရမယ့်ကိစ္စပါ။ သူကတော့ ကျွန်တော်နဲ့ လက်တွဲပြီးအလုပ်လုပ်ရတာကို ပျော်တယ်လို့ ကျွန်တော့်ကိုပြောဆိုထားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပါပဲ။ စပါးအသင်းထက်ကြီးတဲ့ လူမရှိသလို၊ အသင်းထက်အရေးကြီးတဲ့ ကစားသမားလည်း မရှိပါဘူး။ စပါးအသင်းက အားလုံးထက်အရေးကြီးပါတယ်။ ကျွန်တော်က အမြဲတမ်းတိုက်ပွဲဝင်နေရတာပါ။ ဘောလုံးလောကမှာ အပြောင်းအလဲတွေဟာ မြန်လွန်းတာကြောင့် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာတောင်ခန့်မှန်းဖို့ခက်ပါတယ်" ဟုပြောကြားခဲ့သည်။

ပိုချက်တီနို၏ စပါးအသင်းနှင့် လက်ရှိစာချုပ်မှာ ၂၀၁၉-၂၀ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ပိုချက်တီနိုသည် စပါးအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၂၃၆)ပွဲကိုင်တွယ်ထားရာတွင် (၁၄၉)ပွဲနိုင်၊ (၅၄)ပွဲသရေ၊ ပွဲ (၆၀)ရှုံးရလဒ်ကိုရရှိထားသူဖြစ်သည်။

စပါးအသင်းပရိသတ်များသည် ပိုချက်တီနိုကို သဘောကျနှစ်သက်ကြပြီး လာမည့်ရာသီတွင် အသင်းအနေဖြင့် ကစားသမားသစ်များခေါ်ယူကာ ပိုချက်တီနိုကို ဆက်ထိန်းထားရန် အလိုရှိနေကြကြောင်းသိရသည်။

Most Read

Most Recent