ဘရာဇီးလ်ဆယ်ကျော်သက်ကို ခေါ်ယူရန်် အာဆင်နယ် နှုတ်အားဖြင့် သဘောတူညီမှုရ

ဘရာဇီးလ်ဆယ်ကျော်သက်ကို ခေါ်ယူရန်် အာဆင်နယ် နှုတ်အားဖြင့် သဘောတူညီမှုရ
Photos : Twitter, Instagram
Photos : Twitter, Instagram
Published 30 March 2019

အာဆင်နယ်အသင်းသည် ဘရာဇီးလ်ဆယ်ကျော်သက် ဂါဘရီယဲလ်မာတင်နယ်လီကို ခေါ်ယူရန် နှုတ်အားဖြင့်သဘောတူညီမှုရရှိထားကြောင်း ဘရာဇီးလ်မီဒီယာများက ဖော်ပြခဲ့သည်။

(၁၇)နှစ်အရွယ်သာရှိသေးသူ မာတင်နယ်လီသည် ဆော်ပေါ်လိုအခြေစိုက် ဘရာဇီးလ်စတုတ္ထတန်းကလပ် အီတူယာနို အသင်းတွင် ကစားနေသူဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းအားစိတ်ဝင်စားနေသည့် အခြားကလပ်အသင်း(၂၅)သင်းထက် လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မာတင်နယ်လီအားခေါ်ယူရန်စိတ်ဝင်စားသည့်အသင်းများတွင် ဘာစီလိုနာ၊ ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ လိဒ်စ်၊ ဖလာမင်ဂိုနှင့် ပါးလ်မီးရပ်စ်အသင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Yahoo Esports က အာဆင်နယ်အသင်းသည် ပြောင်းရွှေ့ကြေးအတွက် ပေါင်(၅)သန်း ကုန်ကျနိုင်သည်ဟု ဖော်ပြခဲ့ပြီး မာတင်နယ်လီမှာ လက်ရှိတွင် အီတလီပတ်စ်ပို့တ်ရရှိရန်စောင့်ဆိုင်းနေကာ လာမည့်လတွင် ရဖွယ်ရှိသောကြောင့် ယင်းအချိန်ကာလရောက်မှသာ အပြောင်းအရွှေ့အပြီးသတ်ဖွယ်ရှိနေသည်။

ကစားသမား၏အေးဂျင့်ဖြစ်သူကလည်း ဥရောပသို့ မကြာမီ ပြောင်းရွှေ့ကစားရန် စီစဉ်နေသည်ဟု ဝန်ခံခဲ့သည်။

မာတင်နယ်လီသည် ၂၀၁၇ ခုနှစ်က မန်ယူအသင်းတွင် လာရောက်လေ့ကျင့်ဖူးခဲ့ကြောင်း သိရသည်။

Most Read

Most Recent