ဂျာမနီလူငယ်အကယ်ဒမီများမှာ နောက်ကျကျန်ရစ်ခဲ့ပြီဟု ယော်ကင်လိုး ဝန်ခံ

ဂျာမနီလူငယ်အကယ်ဒမီများမှာ နောက်ကျကျန်ရစ်ခဲ့ပြီဟု ယော်ကင်လိုး ဝန်ခံ
Photos : AFP
Photos : AFP
Published 18 March 2019

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးက ဂျာမနီလူငယ်အကယ်ဒမီ များမှာ ဥရောပပြိုင်ဘက်များထက် နောက်ကျ ကျန်နေရစ်ခဲ့ကြောင်း ဝန်ခံပြောကြားသည်။

ယခုတစ်ပတ်အတွင်း ဆားဘီးယား၊ နယ်သာလန်အသင်းတို့နှင့်ကစားမည့်ပွဲများ အတွက် လူစာရင်းထုတ်ပြန်စဉ် ယော်ကင်လိုး က ယခုလို ပြောကြားခြင်းဖြစ်ပြီး အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံအကယ်ဒမီများ၏ နောက်တွင် ကျန်နေရစ်ခဲ့ပြီဟု ဆိုသည်။ 

'' ဂျာမနီအကယ်ဒမီတွေက အင်္ဂလန်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ကျော်ဖြတ်ခြင်းခံလိုက်ရပါ ပြီ။ သူတို့ကစားသမားတွေရဲ့ တစ်ဦးချင်း အရည်အသွေးတွေက အားလုံးဖွံ့ဖြိုးတိုးတက် နေပါပြီ။ ကစားပွဲတွေကလည်း ပိုခက်ခဲပြင်း ထန်ပြီးတော့ လျင်မြန်ဖို့ လိုလာပါတယ်။ ဆုံး ဖြတ်ချက်တွေချဖို့ အချိန်နည်းနည်းပဲရပြီး နေရာလွတ်တွေကလည်း ပိုနည်းလာပါပြီ။ အနာဂတ်ကာလမှာ ကစားသမားတွေရဲ့ တိုး တက်မှုက ဘောလုံးအမြင်ဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ် ပိုပြီးအရေးကြီးလာပါလိမ့်မယ်''ဟု ၎င်းက ပြောကြားသည်။

ယော်ကင်လိုးသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၌ ရုန်းကန်ခဲ့ရသည့် ဘိုင်ယန်မြူးနစ်ကစား သမား ဟမ်းမဲလ်၊ ဘိုတန်နှင့် မူလာတို့ကို ထပ်မံ ရွေးချယ်တော့မည်မဟုတ်ကြောင်း အတည် ပြုပြောကြားထားပြီး လာမည့်ပွဲများအတွက် မျက်နှာသစ်ကစားသမားသုံးဦး ရွေးချယ်ထားသည်။ 

ဂျာမနီအသင်းသည် မတ် ၂၀ ရက်တွင် ဆားဘီးယားနှင့် ခြေစမ်းပွဲ၊ မတ် ၂၄ ရက်တွင် နယ်သာလန်နှင့် ယူရိုခြေစစ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Most Read

Most Recent