လက်ရှိသွားနေသည့် စီးပွားရေးပုံစံဖြင့် ဆုဖလားများမျှော်လင့်ရန် မဖြစ်နိုင်ဟု ပိုချက်တီနို ဝန်ခံ

လက်ရှိသွားနေသည့် စီးပွားရေးပုံစံဖြင့် ဆုဖလားများမျှော်လင့်ရန် မဖြစ်နိုင်ဟု ပိုချက်တီနို ဝန်ခံ
Photos : AFP
Photos : AFP
Published 2 March 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်း၏လက်ရှိသွားနေသည့် စီးပွားရေးပုံစံဖြင့် ဆုဖလားများကိုစိန်ခေါ်နိုင်ရန် မမျှော်လင့်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ယခုအနေအထားနှင့် ဆုဖလားများကိုမျှော်လင့်နေလျှင် အသင်းအနေဖြင့် မှော်ဆရာတစ်ဦးသာ ရှာဖွေသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

စပါးအသင်းသည် ဘန်လေ၊ ချယ်လ်ဆီးအသင်းမျာကို ဆက်တိုက်အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက် ကုန်ဆုံးသလောက်ဖြစ်လာပြီး ပြီးခဲ့သည့်လတွင်လည်း လိဂ်ဖလား၊ FAဖလားများမှ ဆက်တိုက်ထွက်ခဲ့ရသည်။

ယခုရာသီတွင် စပါးအသင်း၏ အဖြစ်နိုင်ဆုံးဖလားမျှော်လင့်ချက်မှာ ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲသာ ကျန်ရှိတော့သည်။

'' ဒန်နီယဲလ်လီဗိုင်း(စပါးအသင်း ဥက္ကဋ္ဌ)က လာမယ့်ရာသီမှာ ဆုဖလားတစ်ခုခု ရဖို့၊ ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလား ရဖို့ပြောလာခဲ့ရင် ကျွန်တော်ကတော့ မှော်ဆရာတစ်ဦးသာရှာဖို့ ပြန်ပြောဖြစ်လိမ့်မယ်။  လက်ရှိသွားနေတဲ့ပုံစံကို မပြောင်းလဲဘဲနဲ့ အောင်မြင်မှုလိုချင်ရင် ဒီမှော်ဆရာကပဲ စွမ်းဆောင်ပေးနိုင်မယ်ထင်တယ်။ လူတွေပြောတာ ကြားပါတယ်။ ပိုချက်တီနို ဒီရောက်တာ (၅)နှစ်ရှိနေပြီ၊ ဘာဆုဖလားမှလည်း မရဘူးဆိုပြီး ဝေဖန်ကြတယ်။ တကယ်တော့ ကျွန်တော်တို့ ဆုဖလားတစ်လုံးရတာထက် ပိုတဲ့အရာတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ'' ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလ(၂)ခုတွင် ကစားသမားခေါ်ယူခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent