အနာဂတ်ကို ရာသီကုန်တွင် ဆုံးဖြတ်မည်ဟု ဟာဇက် ပြောကြား

အနာဂတ်ကို ရာသီကုန်တွင် ဆုံးဖြတ်မည်ဟု ဟာဇက် ပြောကြား
Photo: Reuters & Getty Images
Photo: Reuters & Getty Images
Published 28 December 2018

ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်က အနာဂတ်ကို ယခုရာသီကုန်တွင်မှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် ဝက်ဖို့ဒ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ချယ်လ်ဆီးကစားသမားဘဝ ဂိုး(၁၀၀)ပြည့်မြောက်ခဲ့သည်။

ဟာဇက်၏ ချယ်လ်ဆီးအသင်းနှင့် လက်ရှိစာချုပ်မှာ (၁၈)လသာ ကျန်ရှိတော့ပြီး ၎င်းကိုခေါ်ယူရန် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

အနာဂတ်နှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဟာဇက်က "ကျွန်တော့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ရာသီအကုန်ကျရင် သိရမှာပါ။ လောလောဆယ်မှာတော့ ကွင်းအတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဟာဇက်က လက်ရှိတွင် ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ၎င်းကို အထောင်တိုက်စစ်မှူး အသုံးပြုနေခြင်းနှင့် ပတ်သက်ပြီး အဆင်ပြေသော်လည်း ၎င်းအနေဖြင့် တောင်ပံတွင် ကစားရသည်ကို ပိုမိုနှစ်သက်ကြောင်းလည်း ပြောကြားခဲ့သည်။

ဟာဇက်က "ကျွန်တော်ကစားတဲ့နေရာက တောင်ပံပါ။ တောင်ပံကစားရတာက ကျွန်တော့်အတွက် ပိုသက်သောင့်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေမှာ ကစားခဲ့သလိုမျိုး တိုက်စစ်မှူးအဖြစ်လည်း ကျွန်တော် ကစားနိုင်ပါတယ်။ ဒါကြောင့်လည်း နည်းပြက ကျွန်တော့်ကို တိုက်စစ်မှာ ကစားခိုင်းတာပါ။ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားတာပါပဲ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent