မိမိအမြဲတမ်းမြင်တွေ့ချင်သည့်ခြေစွမ်းကို ပေါ့ဘာ ပြသခဲ့သည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ချီးကျူး

မိမိအမြဲတမ်းမြင်တွေ့ချင်သည့်ခြေစွမ်းကို ပေါ့ဘာ ပြသခဲ့သည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ချီးကျူး
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 28 December 2018

မန်ယူအသင်း၏နည်းပြဖြစ်သူ ဆိုးလ်ရှားက ဟတ်ဒါဖီးလ်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အသင်းအတွက် ခြေစွမ်းပြကစားကာ (၂)ဂိုးသွင်းယူခဲ့သည့် ပေါ့ဘာကို ချီးကျူးခဲ့ပြီး ပေါ့ဘာပြသခဲ့သည့်ခြေစွမ်းမှာ မိမိအမြဲမြင်တွေ့လိုခဲ့သည့်ပုံစံဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာသည် မော်ရင်ဟို၏ လက်အောက်တွင် အဆင်မပြေမှုများစွာရှိခဲ့သော် လည်း ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲ တွင်မူ ဖန်တီးမှု(၂)ကြိမ်၊ သွင်းဂိုး(၂)ဂိုးနှင့် Chances Created များစွာကို ပြုလုပ်နိုင်ခဲ့သူလည်းဖြစ်သည်။ 

ပေါ့ဘာ၏ခြေစွမ်းနှင့်ပတ်သက်၍ ဆိုးလ်ရှားက "ဒါဟာ ကျွန်တော်သိခဲ့တဲ့ ပေါ့ဘာပါပဲ။ မန်ယူအသင်းမှာ ကျွန်တော်နဲ့အတူလက်တွဲခဲ့တဲ့ ပေါ့ဘာရဲ့အရည်အသွေးပါပဲ။ သူဟာ အမြဲတမ်းပြုံးရွှင်နေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ကစားကြတဲ့အခါ အရေးအကြီးဆုံးက ကစားသမားတွေ ပျော်ရွှင်နေဖို့ပါ။ ဒါမှလည်း အကောင်းဆုံးပုံစံကိုပြသနိုင်ပြီး သူတို့ကိုပေးလိုက်တဲ့ တာဝန်တွေကို လက်ခံနိုင်မှာဖြစ်ပါ တယ်။ မန်ယူအတွက် ကစားရတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်ရှိသလဲဆိုတာကို သူသိပါတယ်။ ပေါလ်ဟာ နောက်ဆုံးပွဲမှာ ဖန်တီးမှုတွေပြုလုပ်ပေးခဲ့ပြီး အခုဂိုးတွေ သွင်းလာခဲ့ပါတယ်။ ဒါဟာ ကျွန်တော် အမြဲမြင်ချင်ခဲ့တဲ့ ပေါ့ဘာရဲ့ပုံစံပါပဲ။ အခုဆိုရင် သူပျော်ရွှင်နေပြီလို့လည်း ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဒဏ်ရာပြဿနာကြောင့် အနားယူနေရသော်လည်း အမြန်ဆုံးပြန်ကစားနိုင်ရန် ကြိုးပမ်းနေသည့်  အ လက်ဆစ်ဆန်းချက်ဇ်အား Workaholic (အလုပ်စွဲနေသူ)တစ်ဦးဟု ချီးကျူးခဲ့ပြီး မာစီယဲလ်နှင့် လူကာကူတို့ မှာလည်း ဘုန်းမောက်နှင့်ပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိသည်ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

Most Read

Most Recent